တေလာဆွစ်က သူမရဲ့ပရိသတ်တွေနဲ့ ဆက်သွယ်နိုင်ဖို့အတွက်  Swift Life အပလီကေးရှင်းကို စတင်ဖို့အတွက် အသင့်ပြင်နေပါပြီ။

play

 

တေလာဆွစ်ရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာဖြစ်တဲ့ Swift Life ကနေ သူမကို ချစ်တဲ့ ပရိသတ်တွေက အချင်းချင်း ဆက်သွယ်နိုင်မှာဖြစ်သလို တေလာဆွစ်နဲ့လည်း ဆက်သွယ်လို့ရမှာဖြစ်ပါတယ်။ အဲဒီအပလီကေးရှင်းကနေ စာတွေ၊ ပုံတွေ၊ မေးခွန်းတွေ၊ ဘယ်မှာမှ မဖော်ပြဖူးသေးတဲ့ Exclusive ဗီဒီယိုဖိုင်တွေနဲ့ သူမရဲ့ဂီတအကြောင်းကိုပါ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

 

စမ်းသပ်မှု နောက်ဆုံးအဆင့်မှာရှိနေတဲ့ Swift Life ကို သိပ်မကြာခင်မှာ စတင်နိုင်တော့မယ်လို့ ယင်းအပလီကေးရှင်းကို ဖန်တီးတဲ့ Glu Mobile ရဲ့ပြောပြချက်အရသိရပါတယ်။

တေလာဆွစ်ဟာ ပရိသတ်တွေနဲ့ ကိုယ်တိုင်ကိုယ်ကျသွားတွေ့လေ့ရှိသူအဖြစ် နာမည်ကြီးသူတစ်ယောက်လည်းဖြစ်ပါတယ်။

အခုလို သူမရဲ့ ပရိသတ်တွေအတွက် အွန်လိုင်းအုပ်စုလေးတစ်ခု ဖန်တီးပေးခြင်းအားဖြင့် သူမနဲ့ ပရိသတ်တွေ လွယ်လွယ်ကူကူ ဆက်သွယ်နိုင်ကာ ရင်းနှီးမှုလည်း ပိုလာစေမှာပါ။ ဒီအပလီကေးရှင်းကို ယခုနှစ်ကုန်ခါနီးမှာ ထုတ်လွှင့်မယ်လို့ ဆိုတဲ့အတွက် မြင်တွေ့ရဖို့က သိပ်မကြာတော့ပါဘူး။

တေလာဆွစ်ကို အားပေးကြသူတွေ၊ Swift Life ကို စိတ်ဝင်စားသူတွေအတွက် အပလီကေးရှင်းရဲ့နမူနာပုံစံလေးကို ဖော်ပြပေးလိုက်တယ်နော်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video