မကြာသေးမီကမှ လက်ထပ်ခဲ့ကြတဲ့ လီဒေါင်ဂန်းနဲ့ ဂျိုယွန်ဟီးတို့ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ခင်းမှာ ကျန်းမာသန်စွမ်းတဲ့ သမီးလေးကို မိသားစုဝင်အဖြစ် ကြိုဆိုလိုက်ကြပါတယ်။

play

 

မင်္ဂလာရှိလှတဲ့ ဒီသတင်းကို လီဒေါင်ဂန်းရဲ့အေဂျင်စီ FNC Entertainment က ကြေညာခဲ့တာ ဖြစ်ပါတယ်။

"ဂျိုယွန်ဟီးက ဒီနေ့မနက်ခင်းမှာပဲ ဂန်းနမ်းက ဆေးရုံတစ်ရုံမှာ သမီးချောလေးတစ်ယောက် မွေးဖွားလိုက်ပါတယ်။ မိခင်ရော ကလေးပါ ကျန်းမာပါတယ်။ လီဒေါင်ဂန်းကတော့ သူတို့ဘေးမှာ နေနေပါတယ်" လို့ ပြောခဲ့ပါတယ်။

လီဒေါင်ဂန်းဟာ ဂျိုယွန်ဟီးနဲ့ ချစ်သူတွေဖြစ်ပြီး နှစ်လအကြာ မေလဆန်းမှာ သူတို့နှစ်ဦး လက်ထပ်တော့မှာ ဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာကတည်းက ဂျိုယွန်ဟီးမှာ ကိုယ်ဝန်ရှိနေပါပြီ။

play

 

"ဟယ်လို..လီဒေါင်ဂန်းပါ။ ကျွန်တော့်ပရိသတ်တွေ အရင်ဆုံးသိသင့်တယ်ထင်လို့ ဒီသတင်းကို တင်လိုက်တာပါ။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ အချစ်တွေနဲ့ ယုံကြည်မှုတွေ တိုးပွားလာပြီးတဲ့နောက် ကျွန်တော်နဲ့ မင်းသမီး ဂျိုယွန်ဟီးတို့ လက်ထပ်လိုက်ကြပါပြီ။ အခု ကျွန်တော်တို့ တရားဝင်ဇနီးမောင်နှံဖြစ်သွားပါပြီ။ လက်ထပ်ဖို့ပြင်ဆင်နေချိန်မျာ ဂျိုယွန်ဟီးနဲ့ ကျွန်တော်တို့ ကလေးလေးတစ်ယောက်ရလာပါတယ်။ အခု ကလေးလေးမွေးမယ့်အချိန်ကို စိတ်လှုပ်ရှားမှုတွေနဲ့ စောင့်နေပါတယ်" လို့ လီဒေါင်ဂန်းက ဆိုရှယ်မီဒီယာကနေ ကြေညာခဲ့တာဖြစ်ပါတယ်။

လီဒေါင်ဂန်း (Lee Dong Gun)  နဲ့ ဂျိုယွန်ဟီး (Jo Yoon Hee) တို့ဟာ Laurel Tree Tailors ကိုရီးယားဒရာမာဇာတ်လမ်းတွဲကို အတူရိုက်ကူးခဲ့ကြပြီးနောက် ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ လီဒေါင်ဂန်းနဲ့ ဂျိုယွန်းဟီးတို့နှစ်ဦးစလုံးဟာ 2016 KBS Drama Awards ဆုပေးပွဲမှာ ဒရာမာဇာတ်လမ်းတွဲရှည်အတွက် အကောင်းဆုံး ဇာတ်ဆောင်မင်းသားနဲ့ မင်းသမီးဆုတွေကို အသီးသီးဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

Source & Photos : koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video