AD
AD
AD

အန်ဒရူးဂါဖီးနဲ့ အမ်မာစတုန်းတို့ဟာ ရည်းစားဟောင်းတွေဖြစ်ပေမဲ့ အခုထိ အခင်အမင်မပျက် ရှိနေကြသူတွေပါ။ အန်ဒရူးဂါဖီးက ၅ နှစ်တိတိ ချစ်သူတွေဖြစ်ခဲ့ကြတဲ့ အမ်မာစတုန်းအပေါ်ကာရီ ချစ်နေဆဲဆိုတာကို လူသိရှင်ကြားပြောပြလိုက်ပါတယ်။

play

 

La La Land ရုပ်ရှင်ကားမှာ အမ်မာစတုန်း အော်စကာဆု ရရှိတဲ့အပေါ် ဘယ်လိုမြင်လဲလို့ အန်ဒရူးကို မီဒီယာတစ်ခုက မေးမြန်းစဉ်မှာ သူက အခုလို ဖြေကြားလိုက်တာဖြစ်ပါတယ်။

"ကိုယ်ချစ်တဲ့သူတစ်ယောက်ကို အဲဒီလို အသိအမှတ်ပြုခံရတာကို မြင်ရတာ ကြည်နူးစရာပါ။ သူ့အတွက် အရမ်းကျေနပ်ပါတယ်" လို့ အန်ဒရူးက ပြန်ဖြေခဲ့ပါတယ်။

ပြတ်သွားတာ ၂ နှစ်ကျော်ရှိပြီဖြစ်တဲ့ ရည်းစားဟောင်းကို အန်ဒရူးက ကိုယ်ချစ်တဲ့သူတစ်ယောက်လို့ ရည်ညွှန်းလိုက်တာပါ။

အန်မာစတုန်းဟာ Saturday Night Live အမေရိကန်ရုပ်သံရှိုးရဲ့ စာရေးဆရာ ဒေ့ဗ်မက်ကာရီနဲ့ ချစ်သူတွေဖြစ်နေကြပြီဖြစ်ပါတယ်။ အန်ဒရူးမှာရဲ့ အချစ်ရေးကရော ဘယ်လိုလဲဆိုတာကို မေးမြန်းချိန်မှာတော့ သူက မဖြေချင်ခဲ့ပါဘူး။

"ဒီအကြောင်းကို လူသိရှင်ကြား ပြောချင်စိတ်မရှိပါဘူး" လို့သာ သူက ပြောခဲ့ပါတယ်။

play

 

အန်ဒရူးနဲ့ အမ်မာတို့ဟာ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလက The AMazing Spider-Man ဇာတ်ကားအတူရိုက်ရင်း စုံခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဇာတ်ကားရိုက်ကူးစဉ်မှာ အနေနီးစပ်ခဲ့ကြပါတယ်။ ၂၀၁၁ ဧပြီလမှာတော့ ၂ နှစ်ကြာ ချစ်သူဖြစ်နေတဲ့ Kieran Culkin နဲ့ လမ်းခွဲလိုက်ပါတယ်။ အန်ဒရူးကလည်း သူ့ချစ်သူနဲ့ လမ်းခွဲလိုက်ကာ နောက်ပိုင်းမှာ သူတို့တွေ လူမသိသူမသိတွဲလာခဲ့ကြတာဖြစ်ပါတယ်။

ချစ်သူတွေဖြစ်ကြောင်း တရားဝင်မကြေညာခဲ့ပေမဲ့ ကော်ဇောနီတွေပေါ်မှာ အမြဲမြင်တွေ့ခဲ့ရပါတယ်။ ၂၀၁၅ နှောင်းပိုင်းမှာတော့ သူတို့နှစ်ဦးကို သိပ်ပြီး တွဲသွားတွဲလာမတွေ့ရတော့ပါဘူး။ ၂၀၁၅ အောက်တိုဘာလမှာ သူတို့ ကွဲသွားကြတယ်လို့ အားလုံးက ယူဆထားခဲ့ကြပါတယ်။

Source: Elle

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD