AD
AD
AD

ဆိုးလ်မြို့၊ ဂမ်းနမ်းခရိုင်အတွင်းရှိ တိုက်ခန်းတစ်ခန်းမှာ အသက် ၃၀ အရွယ် ကိုရီးယားမင်းသမီးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

play

 

သူမ အပါအဝင် လူ ၇ ဦးက ဇန်နဝါရီလ ၁၃ ရက်နေ့ညနေမှာ Drug Party ကျင်းပခဲ့တာဖြစ်ပြီး သေဆုံးသူကတော့ သူမတစ်ဦးတည်းလို့ သိရပါတယ်။

ယင်းဖြစ်ရပ်ဖြစ်ပွားရာနေရာမှာ မူးယစ်ဆေးဝါးတစ်စုံတရာမတွေ့ရှိရတဲ့အတွက် အစပိုင်းမှာတော့ မူးယစ်ဆေးဝါးကြောင့်လို့ ရဲတပ်ဖွဲ့က မသိခဲ့ပါဘူး။ ဒါပေမဲ့ ပါတီပွဲမှာ ပါဝင်တဲ့သူတွေကို စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ မူးယစ်ဆေးဝါးတွေ အသုံးပြုခဲ့ကြတယ်ဆိုတာကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။

"အသတ်ခံရတဲ့ ပုံလည်းမပေါက်တော့ သူ သေဆုံးသွားပုံကို ထူးဆန်းတယ်လို့ ကျွန်တော်တို့ တွေးနေကြတယ်။ ဆက်ပြီး စုံစမ်းလိုက်တော့ သူနဲ့အတူ ရှိနေခဲ့တဲ့ လူတွေက ဆေးသုံးတယ်ဆိုတာကို ဝန်ခံခဲ့ကြတယ်။ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၃ ယောက်ပါဝင်ပြီး အားလုံးက ၂၀ ကျော်၊ ၃၀ ကျော်တွေချည်းပဲ။ နောက်ထပ်လည်း စုံစမ်းစစ်ဆေးနေပါတယ်" လို့ ကိုရီးယား ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

သေဆုံးရခြင်းအကြောင်းရင်းကို အတည်မပြုရသေးပေမဲ့လည်း ရဲတပ်ဖွဲ့နဲ့ မျက်မြက်သက်သေတွေရဲ့ အပြောအရ ဆေးလွန်ပြီး သေဆုံးသွားတယ်လို့ ဖော်ပြနေပါတယ်။

သေဆုံးသွားတဲ့ မင်းသမီးနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်အချက်အလက်တွေ မသိရသေးပါဘူး။ ဒါပေမဲ့ သူမဟာ နာမည်မကြီးတဲ့ အသက် ၃၀ ကျော် မင်းသမီးတစ်လက်ဖြစ်တယ်လို့ ကိုရီးယားမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Source : Koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD