AD
AD
AD

တောင်ကိုရီးယားမင်းသမီး ဟဂျီဝန် (Ha Ji Won) ရဲ့မောင်ငယ်ဖြစ်တဲ့အပြင် သရုပ်ဆောင်လည်း ဖြစ်တဲ့ ဂျွန်တေဆိုး (Jeon Tae Soo) ဟာ စိတ်ကျရောဂါခံစားနေရတဲ့အတွက် ဆေးကုသခံနေရသူဖြစ်ပါတယ်။

play

 

ဂျွန်တေဆိုးတစ်ယောက် ကွယ်လွန်သွားပြီဖြစ်ကြောင်းကို သူ့ရဲ့အေဂျင်စီ Haewadal Entertainment က သတင်းထုတ်ပြန်ခဲ့ပါတယ်။

"ဂျွန်တေဆိုးဟာ အသက် ၃၄ နှစ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့မှာ ဒီကမ္ဘာမြေကနေ ထွက်ခွာသွားပါပြီ။ သူဟာ စိတ်ကျရောဂါဖြစ်နေတဲ့အတွက် ဆေးကုသမှုခံနေခဲ့ရသူပါ။ သူ့ရဲ့အခြေအနေက တော်တော်လေး တိုးတက်နေပြီဖြစ်လို့ သူ ပြန်ပြီး သရုပ်ဆောင်ဖို့အတွက်တောင် ဆွေးနွေးနေခဲ့ကြတာပါ။ ရုတ်တရက်ဖြစ်သွားတဲ့ ဒီသတင်းကြောင့် သူ့မိသားစုနဲ့ မိတ်ဆွေတွေ တော်တော်လေး ဝမ်းနည်းကြေကွဲနေကြပါတယ်" လို့ Haewadal Entertainment ဆိုပါတယ်။

"ဂျွန်တေဆိုးက သရုပ်ဆောင်ဖို့အတွက် အရမ်းကို စိတ်အားထက်သန်သူဖြစ်ပြီး ပန်းချီလိုမျိုး အခြားနယ်ပယ်တွေမှာလည်း ပါရမီရှိတဲ့ အနုပညာရှင်စစ်စစ်ပါ။ ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင်နဲ့ ပတ်သက်ပြီး အထင်နဲ့သတင်းရေးသားခြင်းတွေ ဒါမှမဟုတ် အမုန်းပွားတဲ့မှတ်ချက်တွေ မပေးကြဖို့ အနူးအညွတ်တောင်းပန်ပါတယ်" လို့ လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

ဂျွန်တေဆိုးရဲ့ဈာပနကိုတော့ မိသားစုဝင်တွေ၊ ရင်းနှီးကျွမ်းဝင်သူတွေနဲ့သာ တိတ်တဆိတ်ပြုလုပ်သွားမှာဖြစ်တဲ့အတွက် သူတို့ရဲ့ Privacy ကို လေးစားပေးဖို့လည်း အေဂျင်စီက ပရိသတ်တွေကို တောင်းပန်ထားပါတယ်။

play

 

ဟဂျီဝန်ကတော့ သူမမောင်လေးရဲ့ နာရေးသတင်းထွက်ပေါ်လာပြီးတဲ့နောက် မိသားစုနဲ့အတူရှိနေဖို့အတွက် ပွဲတက်မယ့်အစိအစဉ်အားလုံးကို ဖျက်လိုက်ပါတယ်။

ဟဂျီဟွန်ဟာ သူမရဲ့ရုပ်ရှင်ဇာတ်ကားသစ် Manhunt အတွက် ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲတက်ဖို့ စီစဉ်ထားသလို ဇန်န၀ါရီလ ၂၄ ရက်နေ့မှာလည်း အင်တာဗျူးတွေနဲ့ ရုပ်ရှင်အထူးပွဲတက်ဖို့လည်း အစီအစဉ်ရှိပါတယ်။ ဟဂျီဝန်ဟာ ယင်းဇာတ်ကားအတွက် ပရိုမိုးရှင်းလှုပ်ရှားမှုအားလုံးကို တက်ရောက်မှာမဟုတ်ကြောင်းလည်း သိရပါတယ်။

Source : soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD