AD
AD
AD

မြန်မာနိုင်ငံမှာ ဂျွန်စောအဖြစ် နာမည်ကြီးတဲ့ ကိုရီးယားမင်းသား ဆောင်းဆန်းဟွန် (Song Seung Heon) နဲ့ ဂူးဂူးလို့ လူသိများတဲ့ တရုတ်မင်းသမီး Liu Yi Fei တို့ဟာ တကယ်ပဲ လမ်းခွဲလိုက်ကြပါပြီ။

play

 

ဆောင်းဆန်းဟွန်ရဲ့ ကိုယ်စားလှယ်တစ်ဦးက ဇန်နဝါရီလ ၂၅ ရက် (ဒီနေ့)မှာပဲ အခုလို အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"သူတို့ လမ်းခွဲလိုက်ကြတယ်ဆိုတာ တကယ်ပါ။ သူတို့ရဲ့ကိုယ်ရေးကိုယ်တာဖြစ်တာကြောင့် အကြောင်းရင်းအတိအကျကိုတော့ ကျွန်တော်တို့ မသိပါဘူး" လို့ ထိုလူက ပြောခဲ့ပါတယ်။

သူတို့နှစ်ဦး လမ်းခွဲခြင်းအကြောင်းနဲ့  ပတ်သက်ပြီး သေချာအတည်မပြုနိုင်ဘူးဆိုပေမဲ့ အရိပ်အမြွတ်လောက်တော့ ပြောပြထားပါသေးတယ်။

"ဆောင်းဆန်းဟွန်က ဇာတ်ကားတွေ ဆက်တိုက်ရိုက်နေရတယ်။ Liu Yi Fei လည်း အလုပ်အရှုပ်တာပဲလေ။ များပြားလှတဲ့အလုပ်တွေကြောင့် သူတို့တွေ တဖြည်းဖြည်း ဝေးကွာခဲ့ကြတယ်။ ရုတ်တရက်ပြဿနာဖြစ်လို့ လမ်းခွဲကြတာ မဟုတ်ပါဘူး" လို့ ဆိုပါတယ်။

play

 

ကိုရီးယားမင်းသားချောနဲ့ တရုတ်မင်းသမီးချောလေးတို့ဟာ “Third Love" ရုပ်ရှင်ကား ရိုက်ကူးရင်း တွေ့ဆုံခဲ့ကြပြီး ၂၀၁၅ ခုနှစ်မှာ ချစ်သူတွေဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သူတို့နှစ်ဦး လမ်းခွဲလိုက်ပြီဆိုတဲ့ ကောလာဟလတွေက အကြိမ်ကြိမ် ထွက်ပေါ်ခဲ့ဖူးပေမဲ့ ဒီတစ်ခါတော့ တကယ်ပဲ ပြတ်သွားပြီထင်ပါရဲ့။

အေဂျင်စီက တရားဝင် ကြေညာခြင်းမရှိသေးဘူးဆိုတော့ သူတို့ရဲ့ကြေညာချက်ကိုတော့ စောင့်ကြည့်ချင်ပါသေးတယ်။ အားလုံးချစ်ကြတဲ့ အနုပညာရှင်နှစ်ယောက်ဆိုတော့ ဘယ်သူကမှတော့ သူတို့ကို လမ်းမခွဲစေချင်ကြပါဘူး။ သတင်းထူးရှိရင်တော့ Duwun က ထပ်မံဖော်ပြပေးပါဦးမယ်နော်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD