AD
AD
AD

ကမ္ဘာကျော် Titanic စုံတွဲဖြစ်တဲ့ ကိတ်နဲ့ လီယိုနာဒိုဟာ ကင်ဆာရောဂါသည် မိခင်တစ်ဦးအတွက် ရန်ပုံငွေမတည်ပေးခဲ့ပြီးတဲ့နောက် ယခု ယင်းအမျိုးသမီးရဲ့အသက်ကို ကယ်တင်လိုက်နိုင်ပြီလို့ သိရပါတယ်။

play

 

Gemma Nuttall ဆိုတဲ့ အမျိုးသမီးရဲ့ သားအိမ်ကင်ဆာကို ကုသဖို့အတွက် ကိတ်နဲ့ လီယိုနာဒိုက သူတို့နဲ့ ၃ ညတာ တွေ့ဆုံခွင့်ကို လေလံတင်ခဲ့ကာ ပေါင် ၃ သိန်း (ဒေါ်လာ ၄၂၃,၀၀၀) ရှာဖွေပေးခဲ့တယ်လို့ ယင်းအမျိုးသမီးက ပြောပြခဲ့ပါတယ်။

ဆရာဝန်တွေက သူမကို ဘယ်လိုမှ မကယ်တင်နိုင်တော့ကြောင်းနဲ့ နောက်ထပ် ၁၂ လသာ နေရတော့မယ်လို့ ပြောလာတဲ့အတွက် ကူကယ်ရာမဲ့ဖြစ်နေတဲ့ Gemma အကြောင်းကို ကိတ်က ကြားသိကူညီခဲ့တာ ဖြစ်ပါတယ်။

play

 

"ကိတ်ကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိတော့ပါဘူး။ သူနဲ့ လူတွေရဲ့လှူဒါန်းမှုသာ မရှိရင် ကျွန်မရဲ့ဇာတ်လမ်းက လုံးဝပြောင်းလဲသွားနိုင်ပါတယ်။ အားလုံးပြီးဆုံးသွားပြီလို့ ထင်နေချိန်မှာ  ကိတ်က ဖုန်းဆက်လာတယ်။ သူ အလေးအနက်ပြောနေတယ်ဆိုတာ ကျွန်မသဘောပေါက်သွားတယ်" လို့ Gemma က ပြောပြခဲ့ပါတယ်။

play

 

Gemma ဟာ ၂၀၁၃ ခုနှစ်မှာ ကိုယ်ဝန်ရှိခဲ့ပြီး အဲဒီအချိန်မှာပဲ သူမမှာ သားအိမ်ကင်ဆာဖြစ်နေတယ်ဆိုတာ သိခဲ့ရရပါတယ်။  သမီးလေး Penelope ကို မွေးဖွားပြီးတဲ့နောက် ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသခဲ့ပေမဲ့ သူမရဲ့ရောဂါအခြေအနေက ကောင်းမလာခဲ့ပါဘူး။

၆ လကနေ တစ်နှစ်အတွင်းသာရှိတော့ကြောင်း ဒေါက်တာတွေက ပြောခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့မိခင်က ရန်ပုံငွေရှာဖွေတဲ့ စာမျက်နှာတစ်ခု ဖွင့်လှစ်လိုက်ပြီးတဲ့နောက်မှာတော့ ကိတ်နဲ့ လီယိုက ဒီသတင်းကို ကြားပြီး ကူညီလိုက်တာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ Gemma ဟာ အသက်ကယ်ကုသနည်းနဲ့ ကုသမှုခံယူပြီးသွားပြီဖြစ်ပြီး ကင်ဆာရောဂါလည်း လုံးဝမရှိတော့ဘူးလို့ သိရပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD