AD
AD
AD
play

 

ဂျက်စတင်ဘီဘာနဲ့ လမ်းခွဲလိုက်ပြီလို့ ယူဆရတဲ့ ဆယ်လီနာဟာ သြစတြေးလျမှာ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေနေခဲ့တာဖြစ်ပြီး ရေကူးဝတ်စုံ ဝတ်ဆင်ထားတဲ့ သူမရဲ့ဓာတ်ပုံဟာ အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့ပြီး သူမရဲ့ခန္ဓာကိုယ်အလှအပေါ် ပရိသတ်တွေ စိတ်ပျက်ခဲ့ရပါတယ်။

ကျောက်ကပ်အစားထိုးလဲလှယ်မှုလုပ်ပြီးတဲ့နောက် ဆယ်လီနာကို ပထမဆုံးအကြိမ်အဖြစ် ဘီကီနီနဲ့ မြင်တွေ့ရခြင်းဖြစ်ပြီး ဓာတ်ပုံထဲမှာတော့ သူမရဲ့ခန္ဓာကိုယ်က တော်တော်လေး လျော့လျဲနေကာ ပေါင်အတွင်းပိုင်းက ဒဏ်ရာတွေကိုလည်း မြင်တွေ့နေရပါတယ်။

play

 

အဲဒီဓာတ်ပုံက မတ်လ ၁၉ ရက်နေ့ကတည်းက အွန်လိုင်း ပျံ့နှံ့နေခဲ့တာ ဖြစ်ပြီး ဒီနေ့ (မတ်လ ၂၀ ရက်နေ့) မှာတော့ အဲဒီကိစ္စအတွက် ဆယ်လီနာက အင်စတာဂရမ်ကနေ အခုလို တုံ့ပြန်ရေးသားလိုက်ပါတယ်။

"ခန္ဓာကိုယ်ပြည့်စုံလှပချင်တဲ့ စိတ်က ဒီနေ့ခေတ် အမျိုးသမီးတွေကို မဆုံးနိုင်တဲ့ မျှော်လင့်ချက်ကင်းမဲ့မှု၊ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှု၊ မုန်းတီးမှုတွေထဲမှာ ပိတ်မိစေတယ်။ ဘာလို့လဲဆိုတော့ သူမက  လူ့အဖွဲ့အစည်းရဲ့မဖြစ်နိုင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း ပြစ်မျိုးမှဲ့မထင်အလှကို ပိုင်ဆိုင်ဖို့ ကြိုးစားနေလို့ပဲ။ ကျွန်မကတော့ ကျွန်မကိုယ်ကျွန်မ ဂရုစိုက်ချင်လို့ စိုက်တယ်။ ဘယ်သူ့ကိုမှ ဘာကိုမှ သက်သေပြချင်လို့မဟုတ်ဘူး" လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

play

 

ဆယ်လီနာဟာ Lupus ရောဂါကြောင့် စိတ်ကျဝေဒနာခံစားခဲ့ရလို့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဖျက်သိမ်းပြီး အနားယူခဲ့ရတဲ့အပြင် ယင်းရောဂါကြောင့်ပဲ ကျောက်ကပ်ပျက်စီးခဲ့တဲ့အတွက် အစားထိုးလဲလှယ်မှု လုပ်ခဲ့ရပါတယ်။

Source : Her

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD