AD
AD
AD
play

 

တောင်ကိုရီးယား သရုပ်ဆောင်တွေဖြစ်တဲ့ ကင်ဘမ်းနဲ့ အိုယွန်ဆိုးတို့ဟာ ချစ်သူတွေ ဖြစ်သွားကြကြောင်း သူတို့နှစ်ဦးရဲ့ အေဂျင်စီတွေက မတ်လ ၂၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

"မတ်လအစောပိုင်းက 'A Korean Odyssey (Hwayugi)'ဇာတ်လမ်းတွဲအပြီး တွေ့ဆုံပွဲတစ်ခုမှာ  သူတို့တွေ့ဖြစ်ကြပြီး စတွဲဖြစ်ကြတယ်။ စတွဲပြီး မကြာခင်မှာပဲ တစ်ယောက်အကြောင်း တစ်ယောက် ပိုပြီး သိလာကြတယ်" လို့ အေဂျင်စီတွေက ဆိုပါတယ်။

အိုယွန်ဆိုး (Oh Yeon Seo) ဟာ ၁၉၈၇ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကင်ဘမ်း (Kim Bum) က ၁၉၈၉ ခုနှစ်မှာ မွေးဖွားတာဖြစ်လို့ အိုယွန်ဆိုးက ကင်ဘမ်းထက် ၂ နှစ် ကြီးပါတယ်။

play

 

အိုယွန်ဆိုးက ၂၀၀၂ ခုနှစ်မှာ Luv ဆိုတဲ့ အမျိုးသမီးအဆိုတော်အဖွဲ့ဝင်တစ်ယောက်အဖြစ် ၂၀၀၂ ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ သူမပါဝင်ထားတဲ့ 'A Korean Odyssey (Hwayugi)' ရုပ်သံဇာတ်လမ်းတွဲနဲ့ 'Cheese In the Trap' ရုပ်ရှင်တို့ကို မကြာသေးမီကမှ ပြသထားတာပါ။

Boys Over Flowers (F4) ဇာတ်လမ်းတွဲနဲ့ လူသိများလာတဲ့ ကင်ဘမ်းဟာ  အဆိုတော် သရုပ်ဆောင် မော်ဒယ်နဲ့ အကသမားတစ်ယောက်ဖြစ်ပါတယ်။ ကင်ဘမ်းပါဝင်ထားတဲ့ Detective K: Secret of the Living Dead,' ရုပ်ရှင်ကားကိုတော့ ပြီးခဲ့တဲ့လကမှ ရုံတင်ခဲ့ပါတယ်။

Source : KBS world

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD