AD
AD
AD
play

 

အသက် ၄၂ နှစ်အရွယ် တောင်ကိုရီးယားမင်းသမီး ချွိုင်ဂျီဝူး (Choi Ji Woo) ဟာ ဒီနေ့(မတ်လ ၂၉ ရက်) နေ့လယ်မှာ လက်ထပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။

သူမရဲ့ခင်ပွန်းက ဆယ်လီတစ်ယောက် မဟုတ်ကြောင်းနဲ့ သူတို့ ချစ်သူတွေဖြစ်နေတာ တစ်နှစ်ခန့် ရှိပြီလို့လည်း သိရပါတယ်။

သူမရဲ့မင်္ဂလာသတင်းကို ချွိုင်ဂျီဝူးက ပရိသတ်တွေဆီ စာရေးပြီး အသိပေးထားပါတယ်။

play

 

"ပထမဆုံးအကြိမ်အဖြစ် စာရေးရတာကို ရှက်ပြီး ကြောက်နေမိတယ်။ ရုတ်တရက်ကြီးဆိုတော့လေ။ ဒါပေမဲ့ ကျွန်မ သတင်းကောင်း ပြောမှာပါ။ ကျွန်မ ဘဝတစ်ခုကို အတူတည်ထောင်ချင်တဲ့ သူတစ်ဦးနဲ့ မတ်လ ၂၉ ရက်နေ့မှာ လက်ထပ်လိုက်ပါတယ်။ အရင်းချာဆုံး မိသားစုဝင်တွေနဲ့ပဲ မင်္ဂလာပွဲကို အကျဉ်းရုံး လုပ်လိုက်ပါတယ်။ ကျွန်မချစ်တဲ့ ဒီလူနဲ့ ပျော်စရာဘဝလေးကို စတင်တော့မှာပါ။ ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် အမြဲလေးစားပါ့မယ်။ ရှင်တို့ကို ကျွန်မ ဒီထက်စောစော ပြပြခဲ့သင့်တာပါ။ ဒါပေမဲ့ ကျွန်မခင်ပွန်းက နာမည်ကြီးတစ်ယောက် မဟုတ်တဲ့အတွက် ဂရုထားချင်ခဲ့မိလို့ပါ။ ရှင်တို့တွေ နားလည်ပေးပြီး ကျွန်မတို့ကို ကောင်းချီးပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မကို ချစ်နေ၊ အားပေးနေတာကို အမြဲသတိရနေမှာပါ။ မင်းသမီးအလုပ်ကိုလည်း ဆက်လုပ်သွားမှာပါ။ အားလုံး ကျန်းမာကြပါစေ။ ကျေးဇူးတင်ပါတယ်။ အားလုံးကို ချစ်ပါတယ်" လို့ ချွိုင်ဂျီဝူးက ရေးသားထားပါတယ်။

ချွိုင်ဂျီဝူးဟာ ရုပ်သံဇာတ်လမ်းတွဲများနဲ့ နာမည်ကြီးလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

သူမရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတွေထဲမှာ “Woman With a Suitcase,” “Twenty Again,” “Temptation,” “The Suspicious Housemaid,” နဲ့ “Air City.” တို့လည်း ပါဝင်ပါတယ်။

Source : soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD