AD
AD
AD
play

 

တောင်ကိုရီးယားမင်းသမီး ကင်ဆိုဟွန်း(Kim So Hyun) ဟာ မကြာသေးမီကမှ ပြသပြီးစီးခဲ့တဲ့ Radio Romance ဇာတ်လမ်းတွဲမှာ Hightlight အဖွဲ့ဝင် ယွန်ဒိုဂျွန် (Yoon Doojoon) နဲ့ အတွဲညီညီသရုပ်ဆောင်နိုင်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ ငယ်ရွယ်နုပျိုတဲ့အချစ်က အသက်ဝင်လွန်းလှတဲ့ အတွက် ပရိသတ် နှစ်ခြိုက်ခဲ့ရပါတယ်။ ဒါပေမဲ့ အပြင်မှာတော့ သူမမှာ အဲဒီလို အတွေ့အကြုံမျိုး မရှိဘူးလို့ ကင်ဆိုဟွန်းက ဖွင့်ဟလာပါတယ်။

"တစ်ခါမှ ဒိတ်မလုပ်ခဲ့ဖူးဘူး။ ကျွန်မ ဒီလိုပြောရင် ဘယ်သူမှ မယုံကြဘူး။ ဒါပေမဲ့ တကယ်ပဲ ကျွန်မ ရည်းစားတစ်ခါမှ မထားဖူးတာ။ အရိုးသားဆုံး ဝန်ခံရရင် ကျွန်မ ရည်းစားထားဖူးတယ်လို့ ပြောချင်နေမိတယ်။ ကင်မရာဒါရိုက်တာကတောင် နောက်သလို ပြောင်သလိုနဲ့ ကျွန်မကို ပြောဖူးတယ်။ ကျွန်မဆီမှာ ဒိတ်လုပ်နေတဲ့ ခံစားချက်ကို မခံစားရဘူးတဲ့။ အဲဒီအချိန်မှာ ကျွန်မ ဒိတ်လုပ်ဖို့ လိုနေပြီလားလို့ တွေးမိတယ်" လို့ ကင်ဆိုဟွန်းက ဆိုပါတယ်။

play

 

အဲဒါကြောင့် ရင်ထဲက လှိုက်လှိုက်လှဲလှဲ ချစ်ပြရတာဟာ သူမအတွက် ခက်ခဲပါတယ်လို့ ကင်ဆိုဟွန်းက ရင်ဖွင့်ပါတယ်။

"တစ်နေ့မှာတော့ ကောင်းမွန်သာယာတဲ့ အချစ်ဘဝလေးကို တွေ့ကြုံချင်ပါတယ်" လို့လည်း သူမက ပြောခဲ့ပါတယ်။

ယွန်ဒိုဂျွန်နဲ့ ကင်ဆိုဟွန်းတို့ အဓိကသရုပ်ဆောင်ထားတဲ့ Radio Romance ဇာတ်လမ်းတွဲကို KBS2 ရုပ်သံလိုင်းမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြသခဲ့ပြီး မတ်လ ၂၁ ရက်နေ့မှာ ပြီးဆုံးသွားပါတယ်။

play

အသက် ၁၈ နှစ်အရွယ် မင်းသမီးလေး ကင်ဆိုဟွန်းဟာ ကလေးအရွယ်ကတည်းက သရုပ်ဆောင်ဖြစ်လာသူဖြစ်ပြီး Moon Embracing the Sun (2012) မှာ စိတ်ထားမကောင်းတဲ့ မိဘုရားလောင်းလျာလေးအဖြစ်လည်းကောင်း၊  Missing You (2013) မှာ သနားစရာကောင်းတဲ့ မိန်းမငယ်လေးအဖြစ်လည်းကောင်း ပါဝင်ရင်း ပရိသတ်သတိထားမိလာခဲ့ကာ Who Are You: School 2015 (2015) မှာတော့ သူမဟာ ခေါင်းဆောင်မင်းသမီးအဖြစ် စတင်ပါဝင်လာကာ  Hey Ghost, Let's Fight (2016) နဲ့ The Emperor: Owner of the Mask (2017) ဇာတ်လမ်းတွဲတို့နဲ့ လူသိများလာခဲ့ပါတယ်။

Source : Koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD