AD
AD
AD
play

 

နာမည်ကြီး အမေရိကန် သရုပ်ဆောင် စုံတွဲဖြစ်တဲ့ ချန်နင်းတေးတမ်နဲ့ ဂျန်နာဒီဝန်တို့ဟာ အိမ်ထောင်သက် ၉ နှစ်နီးပါးရှိပြီး ၄ နှစ်အရွယ် သမီးလေးတစ်ဦးပါ ရရှိခဲ့ပေမဲ့ သူတို့ဇာတ်လမ်းကို အဆုံးသတ်လိုက်ကြပါပြီ။

အားကျစရာအကောင်းဆုံး ဟောလိဝုဒ်စုံတွဲတွေထဲမှာ ပါဝင်ခဲ့တဲ့ သူတို့စုံတွဲဟာ ဝမ်းနည်းစရာကောင်းတဲ့ ဒီသတင်းကို Twitter ကနေ စာအရှည်ကြီး ရေးပြီး ဖွင့်ဟခဲ့ပါတယ်။

play

 

"အိမ်ထောင်ဘက်အဖြစ်ကနေ ခွဲခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နှစ်ပေါင်းများစွာ တစ်ယောက်နဲ့ တစ်ယောက် နှစ်နှစ်ကာကာချစ်ခဲ့ကြတယ်။  ပျော်ရွှင်စရာကောင်းတဲ့ ခရီးလမ်းကိုလည်း အတူသွားခဲ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်မှုကတော့ လုံးဝပြောင်းလဲမသွားပါဘူး။ ဒါပေမဲ့ အချစ်ဆိုတာ လှပတဲ့ စွန့်စားမှုတစ်ခုဖြစ်ပြီး အခု အဲဒါက တစ်ယောက် တစ်လမ်းဆီ သွားစေလိုက်တာပါ" လို့ သူတို့နှစ်ဦးက ပူးတွဲ ရေးသားထားတာ ဖြစ်ပါတယ်။

"ကျွန်တော်/ကျွန်မတို့က မိသားစုပါပဲ။ အဲဗာလင်းကို အမြဲတမ်း ဂရုစိုက်တဲ့ မိဘတွေအဖြစ် ဆက်ချစ်သွားကြမှာပါ။ ဒီထက်ပိုပြီး ဘာမှ မပြောချင်ပါဘူး။ ကျွန်တော်/ကျွန်မတို့ရဲ့ မိသားစု ကိုယ်ရေးကိုယ်တာကို လေးစားပေးတဲ့အတွက် အားလုံးကို ကြိုတင်ကျေးဇူးတင်ပါရစေ။ အားလုံးကို အချစ်တွေ အများကြီး ပေးပို့လျှက် ချန်နဲ့ ဂျန်နာ" လို့ စာကို အဆုံးသတ်ထားပါတယ်။

play

 

သူတို့နှစ်ဦးဟာ Step Up ရုပ်ရှင်ကားကို အတူရိုက်ကူးပြီး မကြာမီမှာ တွဲခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

play

 

အသက် ၃၇ နှစ်ရှိပြီး သက်တူရွယ်တူတွေဖြစ်ကြတဲ့ သူတို့နှစ်ဦးကို အပြင်မှာ အတူတူ တွဲလျက်တွေ့ရတာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဖြစ်ပေမဲ့ မတ်လ ၁၉ ရက်နေ့ကတောင် သမီးလေး အဲဗာလင်းရဲ့ မျက်နှာပန်းချီဆွဲ ကျွမ်းကျင်မှုကို  ချန်နင်းနဲ့  ဂျန်နာတို့က ပြသခဲ့ကြပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD