AD
AD
AD
play

 

အားလုံးက Quuen B လို့ ချစ်စနိုးခေါ်ကြတဲ့ ဘီယွန်းဆေးဟာ Entertainment လောကမှာ လူအများစုရဲ့လေးစားအားကျခံရသူတစ်ယောက်ဖြစ်ပြီး အဲဒီထဲမှာ ဂျက်စတင်ဘီဘာတောင် ပါဝင်နေတာကို တွေ့ရပါတယ်။

အသက် ၂၄ နှစ်အရွယ် ကနေဒီယန်အဆိုတော်လေးဟာ ဘီယွန်းဆေးရဲ့ခန္ဓာကိုယ်ထဲမှာ သူ့ရဲ့မျက်နှာကို တပ်ထားတဲ့ ဓာတ်ပုံကို အင်စတာဂရမ်ကနေ မျှဝေခဲ့တာ ဖြစ်ပါတယ်။

"Y’all need to meet my sister Rachel Bieber" လို့ ဓာတ်ပုံအောက်မှာ စာရေးထားပါသေးတယ်။

play

 

ဂျေဘီမှာ ရေချယ်ဆိုတဲ့ နာမည်နဲ့ အစ်မ မရှိပါဘူး။ သူတပ်ထားတဲ့ ခန္ဓာကိုယ်က ၂၀၁၃ ခုနှစ်က Beyoncé အယ်လ်ဘမ် ပရိုမိုးရှင်းကို တက်ရောက်ခဲ့တဲ့ ဘီယွန်းဆေးရဲ့ဓာတ်ပုံတစ်ပုံ ဖြစ်ပါတယ်။

play

 

ဂျေဘီဟာ ပြီးခဲ့တဲ့အပတ်က သူသွားရောက်ခဲ့တဲ့ Coachella ပွဲတော်ကြောင့် ဒီလိုမျိုး လုပ်ဖြစ်ခဲ့တယ်လို့ ယူဆရပါတယ်။ အဲဒီမှာ ဘီယွန်းဆေးရဲ့တင်ဆက်မှုတွေဟာ ကမ္ဘာကိုတောင် ကိုင်လှုပ်နိုင်ခဲ့တာပါ။

"ဒီထက်ပိုအဓိပ္ပာယ် ပြည့်ဝပြီး ဆွဲဆောင်အားကောင်းတဲ့၊ အင်အားကြီးတဲ့၊ ဆန်းသစ်တီထွင်တဲ့ ဖျော်ဖြေတင်ဆက်မှုမျိုးကို ဘယ်အမေရိကန်ဂီတပညာရှင်မှ ဒီနှစ်ထဲ ဒါမှမဟုတ် နောက်နှစ်အနည်းငယ်အတွင်းမှာ လုပ်နိုင်မှာ မဟုတ်ပါဘူး" လို့ New York Times ကတောင် ညွှန်းဆိုခဲ့ပါတယ်။

Beychella လို့ခေါ်ကြတဲ့ ဘီယွန်းဆေးရဲ့ Coachella ပွဲတော်ဟာ ဂီတပွဲတော်သမိုင်းမှာ လူမည်းအမျိုးသမီးတစ်ဦးအတွက် ပထမဆုံး နာမည်ကြီးခြင်းပါပဲ။ ဒီပွဲဟာ You Tube တိုက်ရိုက်ပြသမှုမှာ လူကြည့်အများဆုံး ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်ရက်က ဂျက်စတင်ဘီဘာတင်ထားတဲ့ ပုံကတော့ အခုချိန်အထိ Like ပေါင်း ၄.၇ သန်းကျော် ရှိနေပါပြီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD