AD
AD
AD

ရှားလော့တီဗီဇာတ်လမ်းတွဲမှာ စုံထောက်ကြီး ရှားလော့ဟုမ်းအဖြစ် အပီအပြင် သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးမင်းသား ဘင်နီဒစ် ကမ်ဘာဘတ်ခ်ျ (Benedict Cumberbatch) က စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်ပေးသူတစ်ဦးကို တိုက်ခိုက်လုယက်သူများရန်မှ ကယ်တင်ခဲ့ပြီးနောက် စူပါဟီးရိုးအဖြစ် ချီးကျူးနေကြတယ်လို့ ဆိုပါတယ်။

play
စုံထောက်ကြီးရှားလော့ဟုမ်းအဖြစ် သရုပ်ဆောင်ခဲ့သည့် ဘင်နီဒစ်


The Sun သတင်းမှာ ဖော်ပြထားမှုအရ အသက် ၄၁ နှစ်အရွယ် မင်းသားဘင်နီဒစ်က ရှားလော့ဇာတ်ကားမှာ ပါဝင်တဲ့ လန်ဒန်မြို့ ဘိတ်ကာလမ်းရှိ စုံထောက်ကြီးရှားလော့ဟုမ်းရဲ့ စိတ်ကူးယဉ်နေအိမ်အနီးမှာ စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်သူကို တိုက်ခိုက် လုယက်သူလေးဦးက ဝိုင်းဝန်းတိုက်ခိုက်နေတာ တွေ့ရပြီးနောက် ၎င်းစီးလာတဲ့ Uber တက္ကစီပေါ်ကနေ အပြေးဆင်းသွားပြီး ဝင်ရောက်ဟန့်တားခဲ့တယ်လို့ သိရပါတယ်။

play
လန်ဒန်မှာတွေ့ရသည့် စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်ပေးသူတစ်ဦး


ရှားလော့စတား ဘင်နီဒစ်က ကားပေါ်ကနေ အော်ဟစ်တားမြစ်ခဲ့ပြီး တိုက်ခိုက်လုယက်နေသူတွေထံ ပြေးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။ တိုက်ခိုက်လုယက်သူတွေက စက်ဘီးသမားကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ပြီး ဦးခေါင်းကိုလည်း ပုလင်းဖြင့်ရိုက်ခဲ့ပါတယ်။

ရှားလော့မင်းသားက သွေးသံရဲရဲဖြစ်နေတဲ့ စက်ဘီးသမားကို တိုက်ခိုက်လုယက်တဲ့အုပ်စုလက်မှ ဆွဲခေါ်ခဲ့ရာ ၎င်းတို့က မင်းသားကို ထိုးကြိတ်ရန်ကြိုးပမ်းခဲ့ပါသေးတယ်။ သို့သော် စုံထောက်ကြီးရှားလော့ဟုမ်းအဖြစ် အပီအပြင် သရုပ်ဆောင်ခဲ့သူ ဘင်နီဒစ်က ပြန်လည်ခုခံ ကာကွယ်ခဲ့ပြီးနောက် တိုက်ခိုက်လုယက်တွေ ထွက်ပြေးသွားခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

play
တိုက်ခိုက်လုယက်မှု ဖြစ်ပွားခဲ့သည့်နေရာ


Telegraph သတင်းကလည်း ဘိတ်ကာလမ်းအနီးမှာ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းပေးပို့မှု လက်ခံရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့တယ်လို့ ပြောပါတယ်။ တိုက်ခိုက်လုယက်ခံရတဲ့ အစားအသောက် ပို့ဆောင်သူကို ဆေးရုံတင်ရန် မလိုအပ်ခဲ့ကြောင်းနဲ့ သံသယရှိသူတွေကို ဖမ်းဆီးမှုမရှိသေးဘူးလို့ သိရပါတယ်။

play
ရှားလော့စတား ဘင်နီဒစ်နှင့် ဇနီး ဆိုဖီဟန်တာ


Uber တက္ကစီမောင်းသူ မန်နျူရယ်ဒီအက်စ်က စက်ဘီးဖြင့် အစားအသောက်ပို့ဆောင်သူဟာ ကံကောင်းခဲ့ကြောင်းနဲ့ မင်းသားဘင်နီဒစ်ကို စူပါဟီးရိုးအဖြစ် ချီးကျူးပြောဆိုခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ် Uber ယာဉ်မောင်းက ရှားလော့ဟုမ်းစတားနဲ့ ဇနီးဖြစ်သူ ဆိုဖီဟန်တာတို့ကို လိုက်လံပို့ဆောင်ခဲ့တာဖြစ်ပြီး မင်းသားက ကားအပြင်ဘက်ကို ပြေးထွက်သွားစဉ်မှာ သတိမထားမလိုက်ဘူးလို့ ပြောခဲ့ပါတယ်။

"အိပ်မက်မက်နေသလားပဲဗျ၊ ဘိတ်ကားလမ်းထောင့်နားမှာပဲ ရှားလော့ဟုမ်းရောက်လာပြီး တိုက်ခိုက်လုယက်သူလေးဦးနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တာလေ" လို့ Uber ယာဉ်မောင်းကဆိုပါတယ်။ ရှားလော့ဟုမ်းစတား မင်းသားဘင်နီဒစ်ကတော့ ဟီးရိုးတစ်ယောက် မဟုတ်ပါကြောင်း ပြန်လည်တုံ့ပြန် ပြောခဲ့ပါတယ်။

play
Avengers: Infinity War မှာ Doctor Strange အဖြစ် တွေ့ရသည့် ဘင်နီဒစ်


ဗြိတိန်နန်းတော်က ပေးအပ်ချီးမြှင့်တဲ့ CBE ဂုဏ်ထူးဆောင်ဘွဲ့ရ မင်းသားဘင်နီဒစ်ဟာ ၂၀၁၀ ခုနှစ်မှာ စတင်ထုတ်လွှင့်ပြသခဲ့တဲ့ စုံထောက်တီဗီဇာတ်လမ်းတွဲ Sherlock နဲ့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Doctor Strange ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ပိုမိုအောင်မြင်ကျော်ကြားလာခဲ့ပါတယ်။

play
Patrick Melrose တီဗီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားသည့် ဘင်နီဒစ်


ဘင်နီဒစ်က ယခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး အောင်မြင်မှုများစွာရခဲ့တဲ့ Avengers: Infinity War ဇာတ်ကားမှာလည်း Doctor Strange ဇာတ်ရုပ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၂ ရက်မှာ စတင်ထုတ်လွှင့်ပြသနေတဲ့ Patrick Melrose တီဗီဇာတ်လမ်းတွဲမှာလည်း အဓိကဇာတ်ကောင် Patrick Melrose နေရာကနေ ပါဝင်သရုပ်ဆာင်ထားကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD