ကိုယ့်ရဲ့နှလုံးသားတစ်ခုလုံးက မင်းအတွက်ပါပဲတဲ့။

ဂျက်စတင်ဘီဘာက အမေရိကန်မော်ဒယ် ဟေလီဘောဝင်းနဲ့ စေ့စပ်လိုက်ပြီလို့ သတင်းတွေ ထွက်လာခဲ့ပြီး ၂ ရက်အကြာမှာတော့ သူ့ဇနီးလောင်းအပေါ် ဘယ်လောက်ထိ ချစ်ကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။ သူရေးသားထားပုံအရ ဒီနှစ်ထဲမှာ လက်ထပ်တော့မယ်လို့လည်း ယူဆရပါတယ်။

Photo : Metro

 

စေ့စပ်လိုက်ပြီဆိုတဲ့ သတင်းက အမှန်ဖြစ်ကြောင်း ဂျက်စတင်ဘီဘာက အတည်ပြုလိုက်ပါပြီ။ ဂျေဘီက မြန်မာစံတော်ချိန် ဇူလိုင်လ ၁၀ ရက်နေ့မနက်ပိုင်း (လွန်ခဲ့တဲ့ ၈ နာရီခန့်) က သူ့ရဲ့ဖေ့စ်ဘွတ်မှာ အောက်ပါအတိုင်း ရေးသားအတည်ပြုခဲ့တာ ဖြစ်ပါတယ်။

"ဒီစကားတွေပြောဖို့ ခဏစောင့်ဦးမလို့ပါပဲ၊ ဒါပေမဲ့ ကမ္ဘာကြီးက ခရီးသွားတာအရမ်းမြန်တယ် (သတင်းတွေပြန့်တာ အရမ်းမြန်တယ်)။ အရိုးရှင်းဆုံးပြောရရင် ဟေလီ..မင်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို အရမ်းချစ်တယ်။ ဒါကြောင့် မင်းရဲ့အစိတ်အပိုင်းတစ်ခုချင်းစီကို သိရှိဖို့အတွက် စိတ်ရှည်စွာ ကြင်နာစွာနဲ့ ငါ့ဘဝတစ်ခုလုံးကို ပေးအပ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့" လို့ ဂျေဘီက အစချီထားပါတယ်။

 

ဂျေဘီက ချစ်သူတွေ များပြားခဲ့ပေမဲ့ အခုလိုမျိုး စာတွေ တရှည်တလျားကြီးရေးပြီး ဘယ်သူ့ကိုမှ ချစ်ခင်ကြောင်း မပြောခဲ့ဖူးပါဘူး။ သူရေးသားထားပုံအရ လက်ထပ်ဖို့လည်း သိပ်မကြာတော့ဘူးလို့ ယူဆရပါတယ်။ သူရေးထားတာတွေကို ဆက်ဖတ်ကြည့်ရအောင်။

"ငါတို့လုပ်သမျှ အရာအားလုံးနဲ့ ငါတို့ချမှတ်တဲ့ဆုံးဖြတ်ချက်အားလုံးမှာ ဘုရားသခင်ရဲ့ လမ်းပြကူညီမှုနဲ့ ငါ့မိသားစုကို ဂုဏ်သိက္ခာနဲ့ ဦးဆောင်မယ်လို့ ကတိပေးပါတယ်။ ငါ့ရဲ့နှလုံးသားတစ်ခုလုံးက လုံးဝမင်းအပိုင်ပါ။ မင်းကို အမြဲတမ်း ဦးစားပေးမှာပါ။ မင်းက ငါ့ဘဝရဲ့အချစ်ဆုံးပါ ဟေလီဘောဝင်း။ ငါ့ဘဝကို တခြားသူတွေအတွက် မကုန်ဆုံးချင်တော့ဘူး" တဲ့။

 

နောက်ထပ် ဆက်ရေးထားတာက.. မင်းက ငါ့ကို အများကြီးပိုကောင်းလာအောင် လုပ်ပေးတယ်၊ ငါတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ပြည့်စုံစေတယ်တဲ့။ ဘဝရဲ့အကောင်းဆုံးအချိန်အခါကို မစောင့်နိုင်တော့ဘူး၊ အခု မင်းနဲ့အတူ ဆိုတော့ အရာအားလုံးက အဓိပ္ပာယ်ရှိသွားတာ ရယ်စရာတော့ ကောင်းတယ်နော်လို့ ဆိုထားပါတယ်။

သူ့ရဲ့ညီလေးနဲ့ ညီမလေးက တည်ငြိမ်သာယာတဲ့ အိမ်ထောင်ရေးကို မြင်ရတော့မှာက သူ့ရဲ့စိတ်အလှုပ်ရှားဆုံးပါလို့ ဂျေဘီကဆိုရင်း သူတို့က ၇ လပိုင်း ၇ ရက်နေ့က စေ့စပ်လိုက်တာဖြစ်ကြောင်း စာထဲမှာ ရေးသားထားပါတယ်။

"အသက် ၇၀ အရွယ်ပိုပြီးတော့ အဆင်ပြေလာကြမယ်။ ဘေဘီ..ငါတို့တွေ စတင်လိုက်ရအောင်။ 'ဇနီးကို ရှာတွေ့သူက ကောင်းမွန်တဲ့အရာတစ်ခုကို ရှာတွေ့ပြီး ဘုရားသခင်ဆီက အကူအညီကို ရရှိလိမ့်မယ်'။ ဒီနှစ်က ဘုရားသခင်ရဲ့ အကူအညီကို ရရှိတဲ့နှစ်ပါပဲ" လို့ ဂျေဘီက သူ့စာကို အဆုံးသတ်ထားပါတယ်။

Share

Loading Next Article...
က္က