တစ်ကိုယ်လုံးလည်း အညိုအမည်းဒဏ်ရာတွေချည်းပါပဲ။

ဂိုဟာရာက ရည်းစားက ညှင်းပန်းနှိပ်စက် အနိုင်ကျင့်ကြောင်း တိုင်ချက်ဖွင့်ထားတာဖြစ်ပြီး သူမရဲ့ရည်းစားကတော့ သူမလုပ်ဘူးလို့ ငြင်းဆန်နေဆဲပါပဲ။ အဲဒီအမှုအတွက် ကိုရီးယားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါပြီ။

Photo : Soompi

တောင်ကိုရီးယား အဆိုတော် မင်းသမီး ဂိုဟာရာ (Goo Hara) က ရည်းစားရဲ့ညှင်းပန်းနှိပ်စက် အဓမ္မကျင့်မှုကို ခံရကြောင်း တိုင်ကြားထားကာ စုံစမ်းစစ်ဆေးမှုအတွက် စက်တင်ဘာလ ၁၈ ရက်နေ့က ရဲဌာနကို သွားရောက်ခဲ့ကြောင်း Soompi သတင်းဌာနက ရေးသားထားပါတယ်။

စက်တင်ဘာလ ၁၅ ရက်က ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ခြေတွေလက်တွေမှာ အညိုအမည်းဒဏ်ရာတွေရရှိတဲ့ ဟာရာရဲ့ပုံတွေကို Dispatch မှာ ဖော်ပြထားပါတယ်။ ဟာရာက မီးယပ်သားဖွားအထူးကုနဲ့ အရိုးအထူးကုတို့ဆီက ရရှိတဲ့ ဆေးမှတ်တမ်းကိုလည်း ပြသခဲ့ပါတယ်။

 

ဟာရာဟာ အနိုင်ကျင့်ခံရမှုကြောင့် သားအိမ်နဲ့ မိန်းမကိုယ်မှ သွေးများ ထွက်နေတဲ့အတွက် တစ်ပတ်အနားယူရမယ်လို့ မီးယပ်သားဖွားအထူးကုက ဆေးမှတ်တမ်းရေးပေးခဲ့ပါတယ်။  ဒဏ်ရာဒဏ်ချက်များရရှိထားပြီး ညှင်းပန်းနှိပ်စက်ခံရတာဖြစ်နိုင်ကြောင်း အရိုးအထူးကုကလည်း ဆေးမှတ်တမ်း ရေးထားပါတယ်။

ဘယ်သူက အရင်ရိုက်တာလဲလို့ ဟာရာကို မေးမြန်းချိန်မှာတော့ "ဘယ်သူက အရင်ရိုက်တယ်ဆိုတာ အရေးမကြီးပါဘူး။ စုံစမ်းစစ်ဆေးမှုပြီးရင် အဖြေပေါ်လာမှာပါ" လို့ သူမက ပြန်ဖြေခဲ့ပါတယ်။ သူမရဲ့ရည်းစားက ဟာရာကို သူ မရိုက်ဘူးလို့ ပြောခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဟာရာက အလားတူ တုံ့ပြန်ဖြေကြားမှုကိုပဲ ပေးခဲ့ပါတယ်။

 

"အဲဒါလည်း စုံစမ်းစစ်ဆေးမှုပြီးရင် ရှင်းသွားမှာပါ။ မေးမြန်းမှုတွေကို ကျွန်မ အမှန်အတိုင်းပဲ ဖြေသွားမှာပါ"လို့ ဟာရာက ပြောခဲ့ပါတယ်။ ဂိုဟာရာရဲ့ရည်းစားကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ ရဲက စစ်ဆေးမေးမြန်းခဲ့ပါတယ်။ သူကတော့ ဟာရာကို သူ မရိုက်ပါဘူးလို့ပဲ ဆိုပါတယ်။

အသက် ၂၇ နှစ်အရွယ် ဂိုဟာရာဟာ Kara အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး  City Hunter (2011) အပါအဝင် ဇာတ်လမ်းတွဲအများအပြားမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က