International Celebrity: 007 မင်းသားဟောင်း ပီယာ ဘရော့စ်နန် အကြောင်း

ပီယာစ် ဘရော့စ်နန်ဟာ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး သက်ကြီးပိုင်း အမျိုးသားအဖြစ် နာမည်ကြီး မဂ္ဂဇင်းတွေမှာ မကြာခဏ ဖော်ပြခံရသူတစ်ဦးပါ။

play

 

ဟောလိဝုဒ်ရဲ့ အခန့်ညားဆုံး မင်းသားကြီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ 007 မင်းသားဟောင်း ပီယာ ဘရော့စ်နန်ဟာ Irish လူမျိုးဖြစ်ပြီး Drogheda မှာ မွေးဖွားကြီးပြင်းခဲ့သူပါ။ အနုပညာလောကထဲကို ၁၉၇၅ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့သူပါ။ သူဟာ ၁၉၇၉ ခုနှစ်က ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

play

 

အတိုက်အခိုက်နဲ့ အက်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်ပိုင်နိုင်လှတဲ့ သူ ဟာ Drama ကားတစ်ချို့နဲ့ မိသားစုဇာတ်ကား တစ်ချို့မှာလည်း ပါဝင်သရုပ်ဆောင်လေ့ရှိသူပါ။

play


၁၉၉၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ 007 Golden Eye ရုပ်ရှင်ဇာတ်ကားမှာ James Bond အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ နာမည်ကြီး အောင်မြင်မှုတွေ ရရှိခဲ့သူပါ။

play


အဲဒီနောက်မှာတော့ Tomorrow Never Dies, The World Is Not Enough, Die Another Day ဇာတ်ကားသုံးကားလုံးမှာလည်း James Bond အဖြစ် ဆက်လက် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။

play


အနုပညာ ထူးချွန်ဆုပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ ပီယာ ဘရော့စ်နန်ဟာ Robinson Crusoe, Mamma Mia, The ghost writer, Remember Me, Oceans, I Don't Know How She Does It နဲ့ No Escape ဇာတ်ကားတွေနဲ့လည်း နာမည်ကြီးအောင်မြင်ခဲ့သူပါ။

play


ရုပ်ရှင်ထုတ်လုပ်သူအဖြစ်လည်း အနုပညာအလုပ်တွေ လုပ်နေတဲ့ ပီယာ ဘရော့စ်နန်ဟာ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး သက်ကြီးပိုင်း အမျိုးသားအဖြစ် နာမည်ကြီး မဂ္ဂဇင်းတွေမှာ မကြာခဏ ဖော်ပြခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။ ပီယာ ဘရော့စ်နန်ကို ၁၉၅၃ ခုနှစ် မေလ ၁၆ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ