International Celebrity: လူဝီတွမ်လင်ဆန်ရဲ့တစ်ကိုယ်တော်ဖျော်ဖြေမှုကို 1D အဖွဲ့ဝင်အားလုံး သွားရောက်အားပေး

လူဝီရဲ့မိခင် ဆုံးပါးသွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

play

 

လူဝီတွမ်လင်ဆန်ရဲ့ မိခင်ဂျိုအန်နာဆုံးပါးပြီးတဲ့နောက် သူ့ရဲ့ X Factor ဖျော်ဖြေပွဲကို နီရဲလ်၊ ဟယ်ရီနဲ့ လီယမ်တို့ ရောက်လာခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် လူဝီဟာ သူ့ရဲ့ပထမဆုံး တစ်ကိုယ်တော်သီချင်း Just Hold On ကို X Factor Final မှာ ဖျော်ဖြေခဲ့စဉ်မှာ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေလည်းဖြစ်တဲ့ One Direction အဖွဲ့သားတွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။

play

 

လွန်ခဲ့တဲ့ ၆ နှစ်က သူတို့ကို နာမည်ကြီးအောင်လုပ်ပေးခဲ့တဲ့ X Factor ရှိုးပွဲမှာ လူဝီကို လာအားပေးဖို့ အားလုံးက ချက်ချင်းရောက်လာခဲ့ကြတာပါ။

play

 

"လူဝီ ဝမ်းနည်းကြေကွဲနေရချိန်မှာ အားလုံး အခုလိုလာအားပေးတာ ကြည်နူးစရာပါပဲ။ နီရဲလ်ဆိုရင် နယူးယော့ခ်ကတောင် လာရတာ" လို့ သူတို့နဲ့ ရင်းနှီးသူများက ဆိုပါတယ်။

သူတို့အုပ်စုဟာ အချင်းချင်းမတွေ့တာ တစ်နှစ်လောက်ကြာပြီဖြစ်ပြီး လူဝီက မိခင်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့ကြခြင်းဖြစ်ပါတယ်။

play

 

သူတို့အဖွဲ့ဟာ ဓာတ်ပုံအတူ ရိုက်ကူးခဲ့ခြင်းမရှိပေမဲ့ I'm A Celebrity စတား Sam Quek ကတော့ ဟယ်ရီနဲ့အတူ ရိုက်ကူးခဲ့တဲ့ပုံကို တွစ်တာကနေမျှဝေခဲ့ပါတယ်။

play

လူဝီရဲ့မိခင် ဂျိုအန်နာဟာ အသက် ၄၃ နှစ်သာရှိသေးပြီး ဒီဇင်ဘာလ ၇ ရက်နေ့မှာ သွေးကင်ဆာဖြင့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ