AD
AD
AD

ဆယ်လီနာဂိုးမက်စ်ဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ကျန်းမာရေးအခြေအနေရှိခဲ့ပေမဲ့ သီချင်းသစ်တွေလည်း ဆိုနိုင်ခဲ့ပြီး အင်စတာဂရမ်မှာလည်း ဆက်လက်ပြီး နာမည်ကြီးနေခဲ့သူပါ။ အခု သူမဟာ 2017 Billboard Women in Music ဆုပေးပွဲမှာ Woman of the Year ဆုနဲ့ သူမရဲ့ကြိုးစားမငတွေကို အသိအမှတ်ပြုခံလိုက်ရပါပြီ။

play

 

နိုဝင်ဘာလ ၃၀ ရက်နေ့က လော့ဆန်းဂျလိစ်မှာ ကျင်းပတဲ့ 2017 Billboard Women in Music ညစာစားပွဲနဲ့ ဆုပေးပွဲကို တက်ရောက်လာတဲ့ ဆယ်လီနာဟာ သူမရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဖြေကြားခဲ့ပါတယ်။

Image may contain: 2 people, text

"ကျွန်မ နေကောင်းပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီအတွေ့အကြုံတွေကြောင့် ဘဝအပေါ် ကျွန်မရဲ့အမြင်က နည်းနည်းပြောင်းလဲသွားတယ်။ အဲဒီအတွက် ကျွန်မ ကျေးဇူးတင်ပါတယ်။ ကျွန်မပြောပြချင်တဲ့ ပုံစံနဲ့ ကျွန်မအကြောင်းကို မျှဝေခွင့်ရတာကိုလည်း ၀မ်းသာတယ်။ ကျွန်မနေကောင်းပါတယ်။ တကယ့်ကို ကောင်းပါတယ်" လို့ ဆယ်လီနာက ဖြေခဲ့ပါတယ်။

ဆယ်လီနာနဲ့ ဂျက်စတင်ဘီဘာရဲ့ အချစ်ရေးအခြေအနေက အခုအချိန်မှာ အရမ်းကို နာမည်ကြီးနေပေမဲ့ ဒီပွဲမှာတော့ ဆယ်လီနာက ဂီတအကြောင်းကိုပဲ ပြောချင်ခဲ့ပါတယ်။

play

 

"ကျွန်မ ဒီနှစ်ထဲမှာ သီချင်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ခဲ့တာပါ။ ဒါတွေအားလုံးက အယ်လ်ဘမ်ထုတ်ဖို့အတွက်ပါ" လို့ သူမက ဖြေကြားခဲ့ပါတယ်။

Lupus ရောဂါကို နှစ်ပေါင်းများစွာ ခံစားနေခဲ့ရတဲ့ ဆယ်လီနာဟာ ယခုနှစ် ဇူလိုင်လမှာ ကျောက်ကပ်အစားထိုးကုသလိုက်ရပါသေးတယ်။ အဲဒီနောက် ချစ်သူ The Weeknd နဲ့ လမ်းခွဲခဲ့ပြီး မကြာမီမှာ အချစ်ဟောင်းဖြစ်တဲ့ ဂျက်စတင်ဘီဘာနဲ့ ပြန်လည် အဆင်ပြေခဲ့ပါတယ်။

ဒီနှစ်က ဆယ်လီနာအတွက် အပြောင်းအလဲတွေ အရမ်းများတဲ့ နှစ်တစ်နှစ်ပါပဲ။

Source : eonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD