တောင်ကိုရီးယားမင်းသားနှစ်ယောက်ဟာ 2017 Mnet Asian Music Awards ပွဲတွေမှာ အစီအစဉ်မှူးလုပ်ကြမှာဖြစ်ပြီး တစ်ဦးက ဟောင်ကောင်မှာလုပ်မယ့် ဆုပေးပွဲကို သွားရမှာဖြစ်ပြီး နောက်တစ်ဦးက ဂျပန်ကို သွားရမှာ ဖြစ်ပါတယ်။

play

 

ဆောင်းဂျွန်ကီက ဟောင်ကောင်မှာလုပ်မယ့် 2017 MAMA ပွဲမှာ အစီအစဉ်မှူးလုပ်မှာဖြစ်ပြီးတော့ ပါ့ခ်ဘိုဂမ်ကတော့ ဂျပန်မှာလုပ်မယ့် 2017 MAMA ပွဲမှာ အစီအစဉ်မှူးလုပ်ရမှဖြစ်ပါတယ်။

ဂျပန်ရဲ့ 2017 MAMA ပွဲကို နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကျင်းမှာဖြစ်ပါတယ်။ ဟောင်ကောင်ရဲ့ 2017 MAMA ပွဲကတော့ နိုဝင်ဘာလ ၃၀ ရက်နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့တို့မှာ ကျင်းပမယ်လို့ သိရပါတယ်။

play

 

Mnet Asian Music Awards (MAMA) ပွဲဟာ K-pop ဂီတဆုပေးပွဲတစ်ခုဖြစ်ပြီး Mnet music channel က ပြုလုပ်တာဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်က စတင်ခဲ့တဲ့ ဒီဆုပေးပွဲကို အစပိုင်းက ဆိုးလ်မှာသာ ကျင်းပခဲ့ပေမဲ့ ၂၀၁၀ ကစပြီး အရှေ့တောင်အာရှ နိုင်ငံအချို့မှာပါ ကျင်းပပြုလုပ်လာခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ မကာအိုမှာ ကျင်းပခဲ့ပြီး ၂၀၁၁ မှာ စင်ကာပူ၊ ၂၀၁၂ ကနေ ၂၀၁၆ အထိ ဟောင်ကောင်တို့မှာ ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဗီယက်နမ်၊ ဂျပန်နဲ့ ဟောင်ကောင်တို့မှာ ကျင်းပမယ်လို့ သိရပါတယ်။

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာတော့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဂျပန်နိုင်ငံ၊ ယိုကိုဟာမားမှာ နိုဝင်ဘာလ ၂၉၊ ဟောင်ကောင်မှာ နိုဝင်ဘာလ ၃၀ နဲ့ ဒီဇင်ဘာလ ၁ ရက်တို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

Source : Allkpop

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video