International Celebrity: အဒဲလ်ရဲ့ 25 အယ်လ်ဘမ် ချပ်ရေပေါင်း ၁၀ သန်းကျော် ရောင်းချနိုင်ခဲ့

အမေရိကားတစ်နိုင်ငံထဲမှာတင် ၁၀ သန်းကျော် ရောင်းချခဲ့ရတာ နည်းတဲ့ပမာဏမဟုတ်ပါဘူး။

play

 

၂၀၁၅ ခုနှစ်က ဖြန့်ချိခဲ့တဲ့ အဒဲလ်ရဲ့ နောက်ဆုံးအယ်လ်ဘမ် 25 ဟာ အမေရိကားတစ်နိုင်ငံထဲမှာတင် ကော်ပီချပ်ရေပေါင်း ၁၀ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကလည်း တစ်နှစ်မပြည့်ခင်မှာတင် ရောင်းနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

အဒဲလ်ရဲ့အယ်လ်ဘမ်ဟာ အမေရိကားတစ်နိုင်ငံထဲမှာတင် အချပ် ၁၀ သန်းကျော် ရောင်းနိုင်ခဲ့ကြောင်း အမေရိကရဲ့ Recording Industry အေဂျင်စီက အတည်ပြုလိုက်ပါတယ်။ စံချိန်တင်ရောင်းချနိုင်ခဲ့တဲ့ အယ်လ်ဘမ်ကြောင့် အဒဲလ်ကို RIAA (အမေရိက တေးသံသွင်းလုပ်ငန်း အေဂျင်စီ)က စိန်ပွင့်ဆုတံဆိပ် ပေးအပ်ခဲ့ပါတယ်။

play

 

၂၀၁၁ ခုနှစ်က ဖြန့်ချိခဲ့တဲ့ အဒဲလ်ရဲ့ 21 အယ်လ်ဘမ်တုန်းကလည်း အလားတူဆုကို ရရှိခဲ့ဖူးပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ