play

 

300 ဇာတ်လမ်းတွေနဲ့ လူကြိုက်များခဲ့တဲ့ စကော့မင်းသားကြီး ဂျရတ် ဘတ္တလာအနားမှာ ဝိုင်းဝိုင်းလည်နေတဲ့ မိန်းကလေးတွေ များပြားလွန်းတာကြောင့် ချစ်သူနဲ့ လမ်းခွဲလိုက်ရပါပြီ။ ဂျရတ်ဟာ သူ့ရဲ့ချစ်သူ မော်ဒယ်ဟောင်း မော်ဂန်ဘရောင်းနဲ့ ၂ နှစ်ကြာ တွဲခဲ့ပြီးမှ လမ်းခွဲလိုက်ရတာပါ။ တွဲခဲ့တဲ့ ၂ နှစ်အတွင်းမှာလည်း သူတို့က ပြတ်လိုက်၊ ပြန်ဆက်လိုက် ဖြစ်နေခဲ့ကြတာပါ။

ဂျရတ်ပါဝင်ထားတဲ့ London Has Fallen ကို ဒီနှစ်ထဲမှာပဲ ရုံတင်ပြသခဲ့ပါတယ်။

 

E! ရဲ့ သတင်းမှာတော့ ဂျရတ်နဲ့မော်ဂန်တို့ဟာ နိုဝင်ဘာ လလယ်မှာ ပြတ်သွားကြတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဂျရတ်ရဲ့ မိတ်ဆွေတစ်ဦးကတော့ မိန်းကလေးတွေဟာ ဂျရတ်ဆီ အတင်းကာရော တိုးဝင်လာနေလွန်းလို့ ချစ်သူရှိနေတယ်ဆိုတာ အဆက်မပြတ်ပြောနေခဲ့ရကြောင်း ဖောက်သည်ချလေရဲ့။ စက်တင်ဘာလတုန်းကလည်း လန်ဒန်မှာ မိန်းကလေး ၇ ယောက်နဲ့ အတူသောက်နေခဲ့တဲ့ ဂျရတ်ကို တွေ့ခဲ့ရပါသေးတယ်။

Source : People, Mail Online

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video