International Celebrity: အပြည်ပြည်ဆိုင်ရာ AIDS ညီလာခံမှာ စကားပြောခွင့်ရခဲ့တဲ့ ရှားလိဇ်သရွန်

HIV ပိုးက လိင်ကြောင့်ချည်းပဲ ကူးစက်ပျံ့နှံ့နေတာမဟုတ်ဘူး၊ ကျား/မ လိင်ခွဲခြားမှုနဲ့ လူမျိုးရေးခွဲခြားမှုတွေအပြင် ဆင်းရဲမွဲတေမှုနဲ့ အကြောက်လွန်နေကြတာတွေကြောင့် ကူးစက်နေရတာပါ။

play

 

ဇူလိုင် ၁၈ ရက်က တောင်အာဖရိကရှိ ဒါဘန်မှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ AIDS ညီလာခံကြီးမှာ မင်းသမီး ရှားလိဇ်သရွန်က တက်ရောက်စကားပြောခွင့်ရခဲ့ပါတယ်။

play

 

HIV ပိုး မကူးစက်အောင် ကာကွယ်ရေးနဲ့ ဒီကူးစက်ရောဂါကို ပပျောက်သွားအောင် မတိုက်ထုတ်နိုင်ရသေးတဲ့ အကြောင်းရင်းတွေကို စင်မြင့်ပေါ်မှာ ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

play

 

" HIV ပိုးက လိင်ကြောင့်ချည်းပဲ ကူးစက်ပျံ့နှံ့နေတာမဟုတ်ဘူး၊ ကျား/မ လိင်ခွဲခြားမှုနဲ့ လူမျိုးရေးခွဲခြားမှုတွေအပြင် ဆင်းရဲမွဲတေမှုနဲ့ အကြောက်လွန်နေကြတာတွေကြောင့် ကူးစက်နေရတာပါ။ ကျွန်မတို့က AIDS ကို အဆုံးသတ်ချင်တယ်ဆိုရင် ကျွန်မတို့ရဲ့နှလုံးသားထဲက ရောဂါတွေနဲ့ စိတ်နေစိတ်ထားကို အရင်ဆုံး ကုသရပါမယ်။ လူငယ်တွေကသာလျှင် ဒါတွေကို လုပ်ဆောင်နိုင်မယ်လို့ ကျွန်မတော့ယုံတယ်" လို့ အသက် ၄၀ အရွယ် မင်းသမီးကြီးက ပြောကြားသွားပါတယ်။

Source : Just Jared

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ