AD
AD
AD

Fancy သီချင်းနဲ့လူသိများအောင်မြင်ခဲ့တဲ့ Rapper အဆိုတော်မလေး အစ်ဂီဟာ American football ကစားသမား အိုဒဲလ်ဘက်ခမ်းဂျူနီယာနဲ့တရားဝင်တွဲနေပါပြီ။ အသက် ၂၄နှစ်ပဲရှိသေးတဲ့ လူမည်းဘောလုံးသမား အိုဒဲလ်ဟာ မကြာခင်က နာမည်ကျော်လူငယ်မော်ဒယ်မင်းသမီးလေး ဇန်ဒေးရားနဲ့လည်း ဘာလိုလိုဖြစ်ခဲ့ပါသေးတယ်။

play

 

အခုတော့ အစ်ဂီနဲ့အိုဒဲလ်က ဆယ်လီစုံတွဲအသစ်လေးအဖြစ်နာမည်ကြီးနေပါတယ်။ ဒါပေမယ့် သူတို့ကြည့်ရတာ အတည်တွဲနေကြတယ်လို့ ပြောရလည်းခက်တယ်လို့ Fan တွေကဆိုပါသေးတယ်။ ဘာလို့လည်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက်လေးလေးနက်နက်သိပ်မရှိသလိုပါပဲတဲ့။ တွဲတာတော့ တွဲနေတာပဲ သိပ်ချစ်တဲ့ပုံတော့မပေါ်ကြပါဘူး။

play

မေလလောက်က လော့ဆန်းဂျလိစ်က ပါတီတစ်ခုမှာ သူမတို့နှစ်ယောက်ကိုစတင်တွဲတွေ့ခဲ့ရာကနေ လူတွေကသတိထားမိခဲ့ကြတာပါ။ အဲ့ဒီ့ပါတီပွဲမှာ ပဲရစ်ဟေလ်တန်လည်းရှိနေခဲ့ပါတယ်။ အဲ့ဒီ့တုန်းက အင်တာဗျူးမှာတော့ အစ်ဂီက သူမဟာ ဘောလုံးပွဲတွေလည်းကြည့်လေ့မရှိသလို အချစ်ရေးကိုလုံးဝစဉ်းစားချင်စိတ်မရှိဘူးလို့လည်း ငြင်းခဲ့ပါသေးတယ်။ "ကျွန်မ အိုဒဲလ်ဘက်ခမ်းဆိုတာ ဘယ်သူလဲဆိုတောတောင်မသိပါဘူး" လို့တောင် အဲ့တုန်းကဖြေခဲ့သေးတာပါ။

အရင်က လူမည်း Rapper French Montana နဲ့သတင်းထွက်ခဲ့ဖူးသေးတဲ့ အစ်ဂီဟာ အခုတော့ ငြင်းနေတဲ့ကြားထဲကပဲ အိုဒဲလ်နဲ့ချစ်သူတွေဖြစ်နေတာ လူသိရှင်ကြားဖြစ်သွားခဲ့ရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD