International Celebrity: America's Got Talent စင်မြင့်ပေါ်မှာ ပစ်လဲသွားတဲ့ စူပါမော်ဒယ် ဟိုက်ဒီကလူး

သူမရဲ့ပထမဆုံး သီချင်းလည်း ဖြစ်ပါတယ်။

စူပါမော်ဒယ် ဟိုက်ဒီကလူးသီဆိုဖျော်ဖြေသွားတဲ့ Santa Baby သီချင်း
play

 

ဂျာမန် စူပါမော်ဒယ် ဟိုက်ဒီကလူး (Heidi Klum) ရဲ့ အဆိုကျွမ်းကျင်ပုံကို America's Got Talent မှာ ပထဆုံးအကြိမ် မြင်တွေ့ရခြင်းပါ။

play

 

America's Got Talent စီးရီး ၁၁ က ဖိုင်နယ်စာရင်းဝင် Sal Valentinetti က သီချင်းကို စတင်သီဆိုချိန်မှာ ဟိုက်ဒီဟာ မိုးပျံ ကန်ဒီချောင်းကြီးပေါ်မှာထိုင်လို့ စတိတ်စင်ပေါ်ကို တဖြည်းဖြည်းချင်း ဆင်းသက်ပြီး ရောက်ရှိလာပုံက တကယ့်ကို ကြည့်ကောင်းလှပါတယ်။

play

 

သူမဟာ Sal Valentinetti  နဲ့ နှစ်ယောက်အတူ တွဲကလို့ သီဆိုဖျော်ဖြေနေချိန် စတိတ်စင်ပေါ်မှာ ခြေပစ်လက်ပစ်လဲကျသွားခဲ့တာကို တွေ့ရပါတယ်။

ဒါပေမဲ့ ကလေး ၄ ယောက်မိခင် စူပါမော်ဒယ်ဟာ ၁၉၅၃ ခုနှစ်က နာမည်ကြီးခဲ့တဲ့ Santa Baby သီချင်းကို လဲကျလျက်ကပင် အထစ်အငေါ့မရှိ ကျွမ်းကျွမ်းကျင်ကျင် သီဆိုသွားနိုင်ခဲ့တဲ့အတွက် ပရိသတ်က လက်ခုပ်သြဘာပေးခဲ့ကြပါတယ်။

play

 

"ကျွန်မ သီချင်းဆိုရတာ ကြိုက်ပါတယ် ဒါပေမဲ့ Sal လို ကျွန်မက အဆိုတော်မဟုတ်ဘူး။ ကျွန်မဆိုနေချိန်မှာ ဒိုင်တွေက သူတို့ရှေ့က အချက်ပေးကိရိယာ (ပြိုင်ပွဲဝင်တွေသီဆိုတာ အမှားပါရင်တီးတဲ့) ကို မနှိပ်ဘူးလို့ ကျွန်မမျှော်လင့်မိတယ်" လို့ ဟိုက်ဒီကလူးက သီဆိုဖျော်ဖြေမှုမလုပ်ခင် ဟာသနှောလို့ ပြောခဲ့ပါတယ်။

Source & Photos : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ