One Direction အဖွဲ့ထဲမှာ ရှိစဉ်ကတည်းက ဟယ်ရီစတိုင်ဟာ ရှေးကျတဲ့စတိုင်တွေကို နှစ်သက်သူဆိုတာ အားလုံးသိကြပါတယ်။
မိန်းမပျိုလေးတွေရဲ့အသည်းစွဲ အသက် ၂၂ နှစ်အရွယ် အဆိုတော်လေးဟာ Another Man မဂ္ဂဇင်းအတွက် ဓာတ်ပုံတွေ ရိုက်ကူးခဲ့ရာမှာတော့ ခေတ်အဆက်ဆက်က အဝတ်အစားတွေကို ဝတ်လို့ သူခုံမင်လှတဲ့ ရှေးဟောင်းဝတ်စုံတွေကို စိတ်ကြိုက် ဝတ်ဆင်နိုင်ခဲ့ပါတယ်။
တစ်ပုံမှာဆိုရင် ၁၉၆၀ ပြည့်နှစ်တွေအတွင်းက ဆံပင်စတိုင်နဲ့ ဟယ်ရီစတိုင်ဟာ အနီရောင်စစ်ဂျာကင်ကို ဝတ်ထားပါတယ်။
၁၉၇၀ ပြည့်နှစ်များက စတိုင်နဲ့လည်း ရှိုးထုတ်ထားပြန်သေးတဲ့ ဟယ်ရီစတိုင်ဟာ မျက်နှာအမူအရာအမျိုးမျိုး၊ စတိုင်အမျိုးအမျိုးနဲ့ ဓာတ်ပုံတိုင်းမှာ ခန့်ညားချောမောနေပါတယ်။
Source & Photos : Daily Mail