International Celebrity: အေဂျင်စီနဲ့ လမ်းခွဲလိုက်ပေမယ့် AOA Black အဖွဲ့ဝင်အဖြစ် ဆက်ရှိနေပါ့မယ်လို့ ယူကျောင်းကတိပြု

သီချင်းသစ်တွေ ဖန်တီးမယ်ဆိုပါက ဒရမ်တီးသမားအဖြစ်နဲ့ ပြန်လာပါ့မယ်လို့ ဆိုပါတယ်။

play

 

FNC Entertainment နဲ့ လမ်းခွဲလိုက်ပေမယ့် AOA အဖွဲ့ဝင်အဖြစ် ဆက်ရှိနေပါ့မယ်လို့ ယူကျောင်းက ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။

play

 

ပရိသတ်တွေ သိပြီးတဲ့အတိုင်း သူမရဲ့အကြောင်းက စိတ်ပျက်စရာဖြစ်စေခဲ့လို့ တောင်းပန်ကြောင်း အစချီကာ FNC နဲ့ လမ်းခွဲရပုံကိုလည်း ပြောပြထားပါတယ်။ ငါးနှစ်ကြာ လက်တွဲလာတဲ့ FNC ကို ကျောခိုင်းဖို့အတွက် စကားတွေအများကြီးပြောခဲ့ရသလို အများကြီးစဉ်းစားသုံးသပ်ခဲ့ပြီးမှ စာချုပ်အဆုံးသတ်လိုက်တာဖြစ်တယ်လို့ ဖန်ကဖေးမှာ ရေးထားခဲ့တာပါ။

play

 

AOA Black ကသာ သီချင်းသစ်တွေ ဖန်တီးမယ်ဆိုပါက ဒရမ်တီးသမားအဖြစ်နဲ့ ပြန်လာပါ့မယ်လို့လည်း သူမရဲ့စာထဲမှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် AOA ၊ FNC နဲ့ သူမကိုလည်း ဆက်လက်အားပေးကြပါလို့လည်း ယူကျောင်းက တောင်းဆိုခဲ့ပါတယ်။

Source : SBS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ