AD
AD
AD
play

 

Wake Me Up , Levels စတဲ့ သီချင်းတွေနဲ့ နာမည်ကြီးတဲ့ ဆွိဒင်နိုင်ငံသား DJ နဲ့ Producer ဖြစ်တဲ့ Avicii ဟာ ဧပြီလ ၂၀ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Avicci ဟာ အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ အိုမန်နိုင်ငံ မက်စကက်မြို့ မှာ ကွယ်လွန်သွားတာဖြစ်တယ်လို့ သိရပါတယ်။

"Avicii လို့ လူသိများတဲ့ Tim Bergling ကို ဆုံးရှုံးလိုက်ရတယ်လို့ ကြေညာရတာကို တကယ့်ကို ဝမ်းနည်းမိပါတယ်။ သူဟာ  ဧပြီလ ၂၀ ရက် သောကြာနေ့ညနေက အိုမန်နိုင်ငံ၊ မက်စကက်မြို့မှာ ကွယ်လွန်သွားပါတယ်။ မိသားစုက အရမ်းကြေကွဲနေကြပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ သူတို့ တသီးတသန့်တည်ရှိဖို့ လိုအပ်တဲ့အတွက် ဒါကို လေးစားနားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်။ နောက်ထပ် ထုတ်ပြန်ကြေညာချက်တွေ ပြုလုပ်မှာ မဟုတ်ပါဘူး" လို့ သူ့ရဲ့ပြန်ကြားရေးအရာရှိ Diana Baron က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

play

 

Avicii ဟာ ၂၀၁၆ ခုနှစ်ကစတင်ပြီး ကျန်းမာရေးအခြေအနေကြောင့် တိုက်ရိုက်ဖျော်ဖြေမှုတွေကို ရပ်နားခဲ့ပါတယ်။ သူဟာ နှစ်နဲ့ချီပြီး ကျန်းမာရေးချို့တဲ့နေတဲ့သူလည်းဖြစ်ပါတယ်။ အရက်သောက်လွန်းတဲ့အတွက် ပန်ကရိယကြီးမားနေပါတယ်။ ၂၀၀၄ ခုနှစ်တုန်းကလည်း သည်းခြေအိတ်နဲ့ အူအတက်ကို ဖယ်ရှားခဲ့ရပါသေးတယ်။

၂၀၀၀ ပြည့်နှစ်များ နှောင်းပိုင်းကစပြီး ဂီတလောကထဲကို ဝင်ရောက်လာတဲ့ Avicii ဟာ ဂရမ်မီဆုအတွက် နှစ်ကြိမ် ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့သူပါ။ သူ့ရဲ့ပထမဆုံး စတူဒီယိုအယ်လ်ဘမ် True ဟာ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ အဲဒီသီချင်းခွေဟာ ဂီတဆိုင်ရာဝေဖန်သူများဆီက ချီးကျူးစကားတွေ ရရှိခဲ့ပြီး နိုင်ငံ ၁၅ နိုင်ငံကျော်မှာ အရောင်းရဆုံး Top 10 စာရင်းကို ဝင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဒုတိယ စတူဒီယို အယ်လ်ဘမ် Stories ထွက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှာ Avicii(01) လို့ အမည်ပေးထားတဲ့ EP အယ်လ်ဘမ် ထွက်ရှိခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD