play

 

လတ်တလောမှာ Batman မင်းသားအဖြစ် နာမည်ကြီး လူကြိုက်များနေတဲ့ အမေရိကန်မင်းသား Ben Affleck ဟာ ကယ်လီဖိုးနီးယားမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အသက် ၁၀ နှစ်အရွယ်တည်းက မင်းသားချော မတ်ဒေမွန်နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်။

play

ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲ ဝင်ရောက်ခဲ့ဖူးတဲ့ ဘန်ဟာ ၁၉၉၀ နောက်ပိုင်းမှာတော့ သရုပ်ဆောင်မင်းသားအဖြစ် အနုပညာလောကထဲကို ခြေလှမ်းတွေ ထပ်မံစတင်ခဲ့ပါတယ်။ Armageddon, Pearl Harbor, The Town, Argo နဲ့ Gone Girl ရုပ်ရှင်ဇာတ်ကားတွေကတော့ သူ့ရဲ့ နာမည်ကြီး လူသိများခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။

play

 

၂၀၁၆ မှာတော့ ဘန်ဟာ Batman v Superman: Dawn of Justice ရုပ်ရှင်ဇာတ်ကားမှာ Batman အဖြစ် သရုပ်ဆောင်ခဲ့ပြီး ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ DC ရဲ့ Suicide Squad ရုပ်ရှင်ဇာတ်ကားထဲမှာလည်း Batman အဖြစ် ဇာတ်ဝင်ခန်းအနည်းငယ်မှာ ပါဝင်ထားပါတယ်။ အနုပညာထူးချွန်ဆု တော်တော်များများ ချီးမြှင့်ခြင်းခံထားရတဲ့ ဘန်ဟာ မင်းသမီးချော ဂွင်းနက်ပတ်ထရိုနဲ့ သုံးနှစ်ကြာ ချစ်ကြိုးသွယ်ခဲ့ဖူးသလို ကမ္ဘာကျော် အဆိုတော်မင်းသမီးချော ဂျေလိုနဲ့လည်း ၂ နှစ်နီးပါးလောက် တွဲခဲ့ဖူးပါသေးတယ်။ သူတို့နှစ်ယောက်ဟာ စေ့စပ်ဖြစ်ခဲ့တဲ့အထိ ချစ်ကျွမ်းဝင်ခဲ့ကြပေမဲ့ ၂၀၀၄ ခုနှစ်မှာတော့ လမ်းခွဲသွားခဲ့ပါတယ်။

ဘန်ဟာ အားကစားနဲ့ ဖဲကစားခြင်းကို ဝါသနာကြီးသူလို့လည်း မီဒီယာတွေက ဖော်ပြလေ့ရှိကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video