International Celebrity: တစ်နှစ်တာအကောင်းဆုံး သီချင်းနဲ့အယ်လ်ဘမ်ဆုရှင်အဖြစ် အဒဲလ်ကို BBC ရွေးချယ်ပေးအပ်

"Hello" သီချင်းကိုလည်း တစ်နှစ်တာအကောင်းဆုံးသီချင်းအဖြစ် ဆုပေးအပ်ခဲ့ပါတယ်။

play

 

နှစ်စဉ်ရွေးချယ်ပေးအပ်လေ့ရှိတဲ့ BBC Music Awards (ဘီဘီစီတေးဂီတဆု) ရဲ့ ယခုနှစ်ဆုရှင်ထဲမှာ အဒဲလ်ကတော့ အထင်ရှားဆုံးပါပဲ။ သူမရဲ့ နောက်ဆုံးထွက်အယ်လ်ဘမ် "25" ကို BBC Radio 2 က တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်အဖြစ် ဆုပေးအပ်ခဲ့ပါတယ်။ ဒါ့ပြင် သူမရဲ့ "Hello" သီချင်းကိုလည်း တစ်နှစ်တာအကောင်းဆုံးသီချင်းအဖြစ် ဆုပေးအပ်ခဲ့ပါတယ်။

 

ယခုနှစ်အတွင်း ဖျော်ဖြေရေးခရီးစဉ်တွေနဲ့ အလုပ်များနေခဲ့တဲ့ ဗြိတိန်သူအဒဲလ်ဟာ ဒီဆုပေးပွဲကိုလည်း တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ " ကျွန်မ မကြာခင်အိမ်ပြန်လာဖို့ရာ မစောင့်နိုင်လောက်အောင်ပါပဲ။ ဒီနှစ်ကတော့ လမ်းပေါ်မှာနေရတာအတော်ကြာတဲ့နှစ်ပါပဲ။ ဝင်ဘာလေဖျော်ဖြေပွဲအတွက်လည်း မစောင့်ဆိုင်းနိုင်လောက်အောင်ပါပဲရှင်.. ပြီးရင်တော့ ပုံမှန်အတိုင်းပြန်ဖြစ်ပြီပေါ့"လို့ စာနဲ့တစ်ဆင့် လှမ်းပြောခဲ့ပါတယ်။

Source : The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ