International Celebrity: Beauty and the Beast မှာ ကိုယ်တိုင်သီချင်းဆိုခဲ့တဲ့ အမ်မာဝပ်ဆန်

နှစ်လိုဖွယ်အသံလေး ရှိနေတာကို နားဆင်ရမှာပါ။

play

 

ဒစ်စနေကာတွန်းကို ပြန်လည်အသက်သွင်းထားတဲ့ Beauty and the Beast ရုပ်ရှင်မှာ အမ်မာဝပ်ဆန်က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားရုံသာမကဘဲ သီချင်းပါ ဝင်ရောက်သီဆိုထားပြန်ပါတယ်။ ဘဲလ်ဆိုတဲ့ မိန်းမလှလေးအဖြစ်နဲ့ ပါဝင်ထားတဲ့ အမ်မာပါဝင်သီဆိုထားတဲ့ ဇာတ်ဝင်တေးအသံဖိုင်ဟာ သောကြာနေ့မှာ အင်တာနက်ပေါ်ကို ရောက်လာခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ အမ်မာဝပ်ဆန်ဟာ သီချင်းသီဆိုရာမှာလည်း နှစ်လိုဖွယ်အသံလေး ရှိနေတာကို နားဆင်ရမှာပါ။ အမ်မာရဲ့သီချင်းဆိုပုံဗီဒီယိုကို ပရိသတ်တစ်ဦးက အင်စတာဂရမ်ပေါ် တင်ခဲ့ရာက တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့တာပါပဲ။

play

 

Beauty and the Beast ကာတွန်းကားကို ၁၉၉၁ ခုနှစ်က စတင်ပြသခဲ့တာဖြစ်ပြီး အမ်မာဝပ်ဆန်နဲ့ ဒန်စတီဗင်တို့ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကိုတော့ မတ်လအတွင်း ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ