International Celebrity: Beauty and The Beast မင်းသမီးလေးဖြစ်သွားတဲ့ ဆိုယောင်း

Beauty and The Beast ဇာတ်ကားကို ဟာသလုပ်ထားတာပါ။

Girls' Generation အဖွဲ့ဝင် ဆိုယောင်းဟာ SNL Korea” season 9 မှာ ပါဝင်ခဲ့ပြီး “Beauty and the Beast” ကို ဟာသအဖြစ် ပြန်လည်ဖန်တီးတဲ့အခန်းမှာ အဲဒီဇာတ်ကားထဲက Belle အဖြစ် ချစ်စဖွယ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

play

 

 Shin Dong Yup က The Beast အဖြစ် သရုပ်ဆောင်ထားပြီး ဆိုယောင်းက သူ့ကို အမွှေးအမှင်တွေ ထူလွန်းလို့ အနမ်းနိုင်ကြောင်း ပြောနေတာပါ။  Shin Dong Yup က နာကျင်စွာ အော်ဟစ်ရင်း သူ့ရဲ့မျက်နှာပေါ်က အမွှေးတွေကို ဆွဲနှုတ်ခဲ့ပါတယ်။ အဲဒါနဲ့တင် ဆိုယောင်းက ကျေနပ်ပုံမရတဲ့အတွက် တစ်ကိုယ်လုံးက အမွှေးတွေကို တခုပြီး တစ်ခု ဆွဲနှုတ်ပြခဲ့တာကို ရယ်စရာကောင်းစွာ တွေ့မြင်ရပါတယ်။

 

နောက်ဆုံးမှာ ဆိုယောင်းက သူ့ရဲ့စွန့်လွှတ်မှုတွေကို အသိအမှတ်ပြုပြီး ယင်းဇာတ်ကားထဲက ရုပ်ရှင်သီချင်းတစ်ပုဒ်ကို သီဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ သီချင်းရဲ့စာသားကိုတော့ "မင်းသားလေးက အနမ်းခြွေနိုငအောင် အမွှေးအမှင်တွေကို ဖယောင်းနဲ့ ချွတ်ခဲ့တယ်" လို့ ပြောင်းလဲထားပါတယ်။

Girls Generation အဖွဲ့ဟာ သူတို့ရဲ့ ၁၀ နှစ်ပြည့် အယ်လ်ဘမ်အတွက် ကြိုးစားလုပ်ဆောင်နေပြီး သြဂုတ်လမှာ ဖြန့်ချိနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Source & Photos : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ