International Celebrity: Big Bang အဖွဲ့ဝင်ဆွန်ရီနဲ့ ကြိုက်နေတာမဟုတ်ဘူးလို့ ယန်ဂျောင်ဝန်းငြင်းဆို

"အပြင်ထွက်စားကြတယ်.. သူက ဘာမှမပြောဘဲ ကျွန်မစားသမျှရှင်းသွားတယ်"

play

 

သရုပ်ဆောင်မင်းသမီးလေး ယန်ဂျောင်ဝန်းက သူမနဲ့ Big Bang အဖွဲ့သား ဆွန်ရီတို့ရဲ့သတင်းတွေအပေါ် ရုပ်သံအစီအစဉ်တစ်ခုမှာ ဖြေရှင်းသွားခဲ့ပါတယ်။

" ဆွန်ရီနဲ့ကျွန်မက အစ်မနဲ့မောင်လေးလိုမျိုး ခင်မင်ရင်းနှီးကြတာပါ။ တစ်ခါတစ်လေ စားသောက်ဆိုင်မှာအတူတူစားဖြစ်တယ်။ သူက ဘာမှမပြောဘဲနဲ့ ကျွန်မစားသမျှရှင်းသွားတယ်လေ" လို့ MBC ရုပ်သံလိုင်းရဲ့ ဗီဒီယိုစတား အစီအစဉ်မှာ ပြောပြခဲ့တာဖြစ်ပါတယ်။

play

 

ဆွန်ရီက သူမအတွက် ရှိုးပွဲလက်မှတ်တွေပေးမယ်လို့လည်း ပြောလေ့ရှိကြောင်း ဂျောင်ဝန်းက ဆက်လက်ပြောကြားပါတယ်။ အချို့တွေက ဂျောင်ဝန်းနဲ့ဆွန်ရီကို ပတ်သက်မှုတစ်ခုခုရှိနေတယ်လို့ ထင်နေကြတာကိုလည်း သူမဘက်က ငြင်းဆန်ခဲ့ပါတယ်။ သူမနဲ့ဆွန်ရီတို့က တစ်ယောက်ရဲ့အချစ်ရေးကို တစ်ယောက်က သိနေကြပြီးဖြစ်တယ်လို့လည်း ပြောသွားပါသေးတယ်။

Source : MBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ