AD
AD
AD

BIGBANG အဖွဲ့ဝင် Taeyang နဲ့ တောင်ကိုရီးယားမင်းသမီး မင်ဟိုရင် (Min Hyo Rin) တို့ဟာ ၂၀၁၈ ဖေဖော်ဝါရီလမှာ လက်ထပ်တော့မှာ ဖြစ်ကြောင်း သူတို့ရဲ့အေဂျင်စီတွေက အတည်ပြုပြောကြားလိုက်ပါပြီ။

play

 

"Taeyang နဲ့ မင်ဟိုရင်တို့က နောက်နှစ်အစောပိုင်းမှာ လက်ထပ်ဖို့ ပြင်ဆင်နေကြပါတယ်။ ၂၀၁၈ ဖေဖော်ဝါရီလမှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်။ တေယောင်း စစ်မှုမထမ်းခင်မှာ လက်ထပ်ဖို့ စီစဉ်ထားတာပါ" လို့ သတင်းပေးတစ်ဦးက ပြောခဲ့တာပါ။

အဲဒီသတင်းမှာ မှန်ကန်ကြောင်း အေဂျင်စီနှစ်ခုလုံးက တာဝန်ရှိသူတွေက အတည်ပြုလိုက်ပါတယ်။

play

 

သူတို့နှစ်ဦးဟာ၂၀၁၅ ခုနှစ်မှာ တရားဝင်တွဲခဲ့ကြတာဖြစ်ပြီး ချစ်သူတွေဖြစ်နေခဲ့ကြတာကတော့ ၃ နှစ်ရှိနေပါပြီ။ ၁၉၈၈ ခုနှစ်မှာ မွေးဖွားတဲ့ Taeyang က မကြာခင်မှာ စစ်မှုထမ်းရတော့မှာဖြစ်လို့ သူ စစ်မှုမထမ်းခင်မှာ လက်ထပ်ချင်ကြတာဖြစ်ပါတယ်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD