AD
AD
AD

ဆယ်လီနာဂိုးမက်စ်ဟာ လူကြိုက်အများဆုံး သီချင်းတွေကို သီဆိုနိုင်ခဲ့ရုံမက မိန်းမငယ်လေးတွေကို စိတ်ခွန်အားပေးနိုင်သူတစ်ဦးဖြစ်လို့ နှစ်စဉ်ချီးမြှင့်တဲ့ Billboard ရဲ့ ၂၀၁၇ ခုနှစ်အတွက် Woman of the Year ဆုကို ချီးမြှင့်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

play

 

"ဆယ်လီနာဟာ ရောင်းအားအကောင်းဆုံးစာရင်းတွေမှာ နေရာယူနိုင်ရုံသာ မကပါဘူး။ နေရာတိုင်းက အမျိုးသမီးငယ်တွေကို စိတ်ခွန်အားပေးနိုင်တယ်၊ သူတို့အသံကို ချပြဖို့ မကြောက်ရွံ့အောင် တွန်းအားပေးနိုင်သူဖြစ်ပါတယ်" လို့  The Hollywood Reporter-Billboard Media Group ရဲ့နာယက ဂျွန်အမာတိုက ပြောပါတယ်။

"သူမက သူမရဲ့စိတ်ထဲမှာ ရှိတာကို ပြောဆိုဖို့ ဘယ်တော့မှ မကြောက်ရွံ့ဘူး။ သူ့ရရှိထားတဲ့ နေရာကိုသုံးပြီး တခြားသူတွေရဲ့လိုအပ်ချက်တွေအတွက် အားပေးတယ်။ သူမကို ကျွန်တော်တို့ရဲ့ Woman of the Year ဆု ဂုဏ်ပြုချီးမြှင့်နိုင်တဲ့အတွက် ကျွန်တော်တို့ ပီတိဖြစ်ရပါတယ်" လို့ သူက ဆိုပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ် ဆယ်လီနာဂိုးမက်စ်ဟာ Billboard Music ဆုပေးပွဲမှာ လေးကြိမ် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး သူမရဲ့အယ်လ်ဘမ် ၂ ခုဟာ Billboard 200 မှာ နံပါတ် ၁ နေရာကို ချိတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က စတင်ချီးမြှင့်ခဲ့တဲ့ Billboard ရဲ့ Woman of the Year ဆုကို ၂၀၀၇ ခုနှစ်မှာ Reba McEntire ၊ ၂၀၀၈ ခုနှစ်မှာ Ciara ၊ ၂၀၁၀ ခုနှစ်မှာ Fergie ၊ ၂၀၁၁ ခုနှစ်မှာ Taylor Swift ၊ ၂၀၁၂ မှာ Katy Perry ၊ ၂၀၁၃ ခုနှစ်မှာ Pink ၊ ၂၀၁၄ မှာ Taylor Swift (ဒုတိယအကြိမ်)၊ ၂၀၁၅ ခုနှစ်မှာ Lady Gaga နဲ့ ၂၀၁၆ ခုနှစ်မှာ Madonna တို့ ရရှိခဲ့ပါတယ်။

 

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD