International Celebrity: မီဂန်ထရိန်နာ ၂၀၁၆ Billboard ဆုပေးပွဲမှာ သီချင်းဆိုမယ်

ဆုပေးပွဲမှာ သူမရဲ့ NO သီချင်းကို ဖျော်ဖြေမှာ ဖြစ်ပါတယ်။

play

 

၂၀၁၆ Billbord ဆုပေးပွဲမှာ မီဂန်ထရိန်နာ ပါဝင်ဖျော်ဖြေမယ်လို့ သိရပါတယ်။ Billboard ဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ မီဂန်ထရိန်နာဟာ ဆုပေးပွဲမှာ သူမရဲ့ NO သီချင်းကို ဖျော်ဖြေမှာ ဖြစ်ပြီး အဆိုပါသီချင်းဟာ ပြီးခဲ့တဲ့လက Billboard မှာ နံပါတ် ၃ နေရာကို ရောက်ရှိခဲ့ပါတယ်။

play

 

ယခုနှစ်အတွက် Billbard ဆုပေးပွဲကို အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်မြို့မှာ ကျင်းပမှာဖြစ်ပြီး ဂျက်စတင်ဘီဘာ၊ အရီနာဂရန်ဒီ၊  Fifth Harmony ၊ Pink နဲ့ အခြားနာမည်ကျော်တွေလည်း ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် Prince ကို ဂုဏ်ပြုတဲ့အနေနဲ့ မက်ဒေါနားလည်း ပါဝင်မယ်လို့ သိရပါတယ်။

Photos & Source: Billboard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ