International Celebrity: Billboard အနုပညာရှင်စာရင်းထိပ်ဆုံးမှာ ၃ ကြိမ်တိုင် ရပ်တည်နိုင်သူအဖြစ် အဒဲလ်စံချိန်တင်

ထွက်သမျှခွေတိုင်း အောင်မြင်တာ အဒဲလ်ရဲ့ကြိုးစားမှုနဲ့စန်းပါပဲ။

play

 

ဗြိတိန်အဆိုတော် အဒဲလ်ဟာ Billboard က ရွေးချယ်တဲ့အနုပညာရှင်စာရင်းမှာ ဒီနှစ်လည်း ထိပ်ဆုံးကို ရောက်လာခဲ့ပြန်ပါတယ်။ ဒါဟာ သူမအတွက်တော့ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း ဒီနေရာကို ရောက်ခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းထုတ်ပြန်ချက်အရ အဒဲလ်ဟာ ထိပ်တန်းအနုပညာရှင် အယောက် ၁၀၀ စာရင်းရဲ့ ထိပ်ဆုံးမှာ ရောက်ရှိပြီး ၃ ကြိမ်တိုင်တိုင် ထိပ်ဆုံးနေရာမှာရပ်တည်သူလည်း ဖြစ်လာခဲ့ပါတယ်။

play

 

အဒဲလ်ရဲ့အယ်လ်ဘမ်သစ် 25 ထဲက Send My Love (To Your New Lover) သီချင်းဟာလည်း ယခုနှစ်ထဲမှာ အတော်လေး လူကြိုက်များခဲ့ပါတယ်။ ဒါတင်မက သူမရဲ့ ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ကြောင့်လည်း သူမကို ထိပ်တန်းအနုပညာရှင်အဖြစ် ဟာ Billboard က ရွေးချယ်ခဲ့တာပါ။

Source : Billboard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ