AD
AD
AD
play

 

အမေရိကန် အနုပညာမီဒီယာကြီးဖြစ်တဲ့ Billboard ရဲ့ ၁၁ ကြိမ်မြောက် Woman of the Year ဆုရှင်အဖြစ် မက်ဒေါနားကို ရွေးချယ်လိုက်ပါတယ်။

play

 

မက်ဒေါနားဟာ တစ်နှစ်အတွင်း နယ်လှည့်ဖျော်ဖြေခဲ့ရာမှာ အမြတ်ငွေအများဆုံးရရှိတဲ့ အမျိုးသမီးအနုပညာရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဆယ်စုနှစ်များစွာတိုင် အနုပညာနယ်ပယ်မှာလည်း လွှမ်းမိုးထားနိုင်သူပါ။

play

 

မက်ဒေါနားရဲ့ ဖန်တီးနိုင်တဲ့အမြင်၊ မလျော့ပါးတဲ့ ဆန်းသစ်တီထွင်မှု၊ ပရဟိတအရေးတွေမှာ အားစိုက်ရွက်ဆောင်မှုတွေဟာ ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော လူတွေအတွက် အားကျစရာဖြစ်စေခဲ့ပါတယ်။ သူမရဲ့ လူတွေအပေါ်လွှမ်းမိုးနိုင်စွမ်းကိုလည်း အမျိုးသမီးတွေကြားက ပြောဆိုသံတွေ၊ လိင်မှုရေးရာတွေနဲ့ သာတူညီမျှဖြစ်ရေးတို့မှာလည်း အသုံးချခဲ့တာကြောင့် ယခုလိုရွေးချယ်လိုက်တာဖြစ်ပါတယ်။။ မက်ဒေါနားရဲ့ Woman of the Year ဆုကို ဒီဇင်ဘာ ၉ ရက်နေ့၊ နယူးယော့ခ်မြို့မှာ ပြုလုပ်မယ့် ဂီတပွဲမှာ ချီးမြှင့်ပေးအပ်မယ်လို့ သိရပါတယ်။

Source : Billboard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD