International Celebrity: BLACKPINK ရဲ့ဖက်ရှင်ကို Oh My Girl အဖွဲ့က ကူးချတယ်လို့ ဝေဖန်ခံနေရ

BLACKPINK အဖွဲ့ဝင် ဂျင်းနီရဲ့ ဝတ်စုံနဲ့ ထပ်တူကျနေတာ ဖြစ်ပါတယ်။

play

 

ပွဲဦးထွက်မှာပဲ အကြီးအကျယ်ပေါက်သွားတဲ့ BLACKPINK ကို ပရိသတ်တွေက ဖက်ရှင်ကအစမှတ်မိနေကြပါပြီ။ ဒီလိုအချိန်မျိုးမှာက သူတို့ရဲ့အဖွဲ့ရဲ့ဖက်ရှင်နဲ့ ချွတ်စွပ်တူအောင်ဝတ်ပြီး စင်ပေါ်တက်မိတာကြောင့် Oh My Girl ဟာ ဝေဖန်ခံလိုက်ရပါတယ်။

play

 

ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ 2016 KBS Gayo Daechukjae ပွဲကို တက်ရောက်ခဲ့တဲ့ Oh My Girl အဖွဲ့ရဲ့ ဖက်ရှင်ဟာ BLACKPINK အဖွဲ့ဝင် ဂျင်းနီရဲ့ ဝတ်စုံနဲ့ ထပ်တူကျနေတာ ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့တဲ့ Melon ဂီတဆုပေးပွဲမှာ ဖျော်ဖြေခဲ့စဉ်က ဂျင်းနီဟာ အနီကွက် စကတ်တိုလေးနဲ့အတူ အဖြူရောင်လက်ရှည်ဘလောက်စ်အင်္ကျီပေါ်မှာ အနက်ရောင် ကုတ်တစ်ထည်ကိုထပ်ပြီး ဝတ်ထားခဲ့တာပါ။ လည်ပင်းမှာလည်း အနီ၊အနက်စပ်ထားတဲ့ Gucci ဖဲပြားလေးကို ချည်ထားခဲ့ပါတယ်။ ဒီပုံစံအတိုင်း  Oh My Girl တစ်ဖွဲ့လုံးက ဝတ်ဆင်ခဲ့လို့ ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။

Source : Koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ