International Celebrity: အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ခံနေရတဲ့ BTS

ဂျင်မင်းကို အဓိကဦးတည် ခြိမ်းခြောက်တာပါ။

ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ဖြစ်တဲ့ BTS ဟာ တွစ်တာမှာ ခြိမ်းခြောက်ခံနေရတာဖြစ်ပြီး တချို့ခြိမ်းခြောက်မှုတွေက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျင်မင်း (Jimin) ကို ဦးတည်နေခဲ့ပါတယ်။

play

 

BTS ရဲ့ပရိသတ်တွေက အဲဒီခြိမ်းခြောက်မှုတွေကို တွစ်တာကနေ သတိပေးပြီးနောက်မှာ သတင်းက ပိုမိုပြန့်သွားခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ဆိုရှယ်မီဒီယာမှာ hashtag ခံပြီး “#ArmysWillProtectJimin” လို့ တွစ်တာကနေ ရေးသားခဲ့ကာ ခြိမ်းခြောက်မှုသတင်းတွေကို ဖြန့်ပြီး BTS ကို သတိပေးခဲ့တာ ဖြစ်ပါတယ်။

BTS ဟာ ဘရာဇီးပရိသတ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလပ်တယ်လို့ သတင်းမှားထွက်ပေါ်လာရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ BTS အဖွဲ့ရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် ကြံစည်တဲ့ သတင်းမှား သက်သက်သာဖြစ်ပါတယ်။

play

play

play

 

တွစ်တာအသုံးပြုသူတစ်ဦးဟာ ဂျင်မင်ကိုသတ်မယ်ဆိုတဲ့ စာတွေကို တွစ်တာကနေ ဆက်တိုက်ဆိုသလို တင်နေခဲ့ပါတယ်။

ဒါပေမဲ့ BTS အတွက် အသက်အန္တရာယ်ခြိမ်းခြောက်ခံရတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်မှာလည်း တွစ်တာကနေ အခုလိုပဲ ခြိမ်းခြောက်ခံခဲ့ရဖူးပါတယ်။

BTS အဖွဲ့ဟာ လောလောဆယ်မှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲအစီအစဉ်နဲ့ အမေရိကန်ကို ရောက်ရှိနေတာဖြစ်ပြီး နယူးဂျာစီ၊ ချီကာဂိုနဲ့ လော့ဆန်းဂျလိစ်တို့မှာ ဖျော်ဖြေနေပါတယ်။

Source & Photos : koreaboo

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ