AD
AD
AD

တောင်ကိုရီးယားရဲ့ အမျိုးသား K-pop အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာ American Music Awards မှာ ဖျော်ဖြေပြီး ရက်အနည်းငယ်အကြာ တွစ်တာမှာ လူပြောအများဆုံး အဖြစ် စံချိန်သစ်တင်လိုက်နိုင်ပါတယ်။

play

 

BTS အဖွဲ့ဟာ တွစ်တာမှာ လူပြောအများဆုံး စံချိန်အပြင် လူပြောအများဆုံး ဂီတအဖွဲ့လည်းဖြစ်ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့က တရားဝင် အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

အမျိုးသား ၇ ဦးပါတဲ့ သူတို့အဖွဲ့ရဲ့ Tweet တစ်ခုကို တွစ်တာမှာ ပြန်ပြီး retweet လုပ်သူပေါင်း ပျမ်းမျှအားဖြင့် ၂၅၂,၂၀၀ ခန့် ရှိတယ်လို့လည်း ဆိုပါတယ်။

ဒုတိယနေရာမှာရှိနေတဲ့ One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်ရဲ့ Tweet တွေကို ပြန်ပြီး retweet လုပ်တာကတော့ Tweet တစ်ခုကို ပျမ်းမျှ ၁၆၅,၄၇၃ ရှိနေပါတယ်။ ဟယ်ရီရဲ့နောက်မှာ ရှိနေတဲ့ အကောင့်တွေကတော့ BTS ရဲ့ အခြား တရားဝင်အကောင့်တွေဖြစ်တဲ့  @bts_love_myself နဲ့ @bts_bighit တို့ ဖြစ်နေပါတယ်။

play

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က AMAs ပွဲ မှာ ဖျော်ဖြေခဲ့တဲ့ V, RM, Jimin, Jin, Jungkook, Suga နဲ့ J-Hope တို့ကို စတိတ်စင်နောက်မှာ မီဒီယာတွေက တွေ့ဆုံမေးမြန်းခဲ့ပါသေးတယ်။

သူတို့အဖွဲ့ဟာ ပထမဆုံးအကြိမ်အဖြစ် AMAs မှာ လာရောက်ဖျော်ဖြေရတဲ့အတွက် အရမ်းကို ပျော်တယ်လို့ ဆိုပါတယ်။

"အိပ်မက်တစ်ခုလိုပါပဲ။ ရှေ့မှာ လူတွေ သန်းပေါင်းများစွာ ရပ်နေသလိုပဲ။ ပြီးတော့ ကျွန်တော်တို့ရှေ့မှာ အော်ဟစ်နေကြတာ။ ဒါကို တစ်ဘဝလုံး မေ့နိုင်မှာ မဟုတ်ပါဘူး" လို့ RM က ဖြေခဲ့ပါတယ်။

Source : etonline

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD