AD
AD
AD

အမေရိကန်အဆိုတော် ချာလီပွတ်သ်နဲ့ Kpop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မှုကို  တွစ်တာကနေတစ်ဆင့် ပြသလေ့ရှိသူတွေပါ။

play

 

ဒီတစ်ခါမှာတော့ ချာလီပွတ်သက်က “Yo @BTS_twt …DMs!!” လို့ ရေးသားပြီး BTS ရဲ့တွစ်တာအကောင့်ကို Tag လုပ်ပြီး တင်လိုက်တာဖြစ်ပါတယ်။

play

 

တွစ်တာမှာ DM ဆိုတာက တိုက်ရိုက်မက်ဆေ့ (Direct Message) ရဲ့ အတိုကောက်ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သီးသန့်မက်ဆေ့ပို့တဲ့အခါ သုံးတဲ့အသုံးအနှုံးဖြစ်ပါတယ်။ ချာလီပွသ်က်က BTS ဆီကို တိုက်ရိုက်မက်ဆေ့ပို့ထားပြီး အဲဒီမက်ဆေ့ကို ကြည့်ဖို့ လှမ်းပြောလိုက်တာဖြစ်ပါတယ်။

အဲဒီတွိစ်ဟာ နာရီပိုင်းအတွင်းမှာပဲ Like လုပ်သူပေါင်း တစ်သိန်းကျော်သွားခဲ့ကာ ၆ သောင်းကျော် retweet လုပ်ခဲ့ကြပါတယ်။

play

 

ဂျန်ကွတ်က ချာလီပွတ်သ်နဲ့ ဆယ်လီနာဂိုးမက်စ်တို့ရဲ့ “We Don’t Talk Anymore” သီချင်းကို ပြန်ဆိုပြီးတဲ့နောက် သူတို့တွေကြားက ခင်မင်မှုက စတင်ခဲ့တာဖြစ်ပါတယ်။ ဂျန်ကွတ်ရဲ့ သီဆိုမှုကို ချာလီပွတ်သ်က ချီးကျူးစကား ဆိုခဲ့ပါတယ်။

ချာလီပွတ်သ်နဲ့ BTS ဟာ တွစ်တာကနေ တစ်ဦးနဲ့တစ်ဥိး ချစ်ခင်မှုကို အကြိမ်ကြိမ်ပြသမှုတွေ ရှိခဲ့ပြီး ချာလီပွတ်သ်က သူဟာ BTS ပရိသတ်တစ်ယောက်ဖြစ်လာတဲ့အကြောင်းကို အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါသေးတယ်။

ပရိသတ်တွေကတော့ ချာလီပွတ်သက်နဲ့ BTS တို့ သီချင်းအတူတူဆိုကြဖို့ မျှော်လင့်စောင့်စားနေကြပါပြီ။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD