AD
AD
AD
play

 

ရွှေညိုရောင် အသားအရေနဲ့ ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်အကောင်းဆုံး မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Halle Berry ဟာ အာဖရိကန်ဖခင်နဲ့ ဂျာမန်မိခင်တို့မှ မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၈၉ မှာ နယူးယော့ခ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစတင်ကာ အနုပညာလောကထဲ ခြေချခဲ့တဲ့ ဟယ်လီဟာ Jungle Fever ရုပ်ရှင်ဇာတ်ကားမှာ ပထမဆုံး ပါင်သရုပ်ဆောင်ခဲ့ပါတယ်။

play

 

 အဲ့ဒီ့နောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားအချို့မှာ သရုပ်ဆောင်ခဲ့ပါတယ်။ သူမဟာ ၂၀၀၀ ပြည့်နှစ်မှာတော့ Marvel ရဲ့ စူပါဟီးရိုးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ X-Men မှာ Storm ဆိုတဲ့ စူပါဟီးရိုး အမျိုးသမီးဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ James Bond ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ Die Another Day ရုပ်ရှင်ဇာတ်ကားမှာလည်း သူမ သရုပ်ဆောင်ခဲ့သေးကာ အဲ့ဒီ့ဇာတ်ကားဟာလည်း ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြန်ပါတယ်။

play

 

အဲ့ဒီ့နောက်ပိုင်းမှာလည်း X-Men ရုပ်ရှင်ဇာတ်ကားတွေနဲ့ Catwoman ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်တွေရဲ့ စဉ်ဆက်မပြတ်အားပေးမှုကို ရရှိခဲ့ကာ Gothika, Dark Tide နဲ့ The Call ရုပ်ရှင်ဇာတ်ကားတွေဟာလည်း သူမရဲ့အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။

play

 

သရုပ်ဆောင်တင် မဟုတ်ဘဲ ရုပ်ရှင်ထုတ်လုပ်သူနဲ့ မော်ဒယ်အဖြစ်ပါ အနုပညာခြေလှမ်းတွေရှိနေတဲ့ ဟယ်လီဟာ အက်ရှင်နဲ့ထူးထူးခြားခြား ဇာတ်ရုပ်တွေမှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သူအဖြစ်လည်း ပရိသတ်တွေကြား ထင်ရှားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD