International Celebrity: CL နဲ့ ဗြိတိန်မော်ဒယ်တစ်ဦး တွဲနေတယ်လို့ သတင်းထွက်လာ

နာမည်ရင်းကိုတောင် တက်တူးထိုးထားမှတော့ သတင်းက သေချာလောက်ပါပြီ...

play

 

2NE1 အဖွဲ့ခေါင်းဆောင် CL နဲ့ ဗြိတိန်အမျိုးသားမော်ဒယ်တစ်ဦးတို့ တွဲနေတဲ့အကြောင်း သတင်းတွေထွက်လာပါတယ်။

play

 

ဗြိတိန်မော်ဒယ် အက်ရှ် စတိုင်းမက်စ်ရဲ့ လက်ကောက်ဝတ်မှာလည်း CL ရဲ့အမည်ကို တက်တူးထိုးထားတာ တွေ့ရပါတယ်။ CL ရဲ့ ကိုရီးယားနာမည် အပြည့်အစုံ လီချေရင်းဆိုတဲ့အမည်ကို ရေးထိုးထားတာပါ။

play

 

လူမှုကွန်ရက်တွေပေါ်မှာလည်း CL နဲ့ အက်ရှ်တို့ တကယ်ပဲ တွဲနေကြတာဖြစ်ကြောင်း မြင်တွေ့ကြသူတွေက ရေးသားအတည်ပြုနေပြန်ပါတယ်။ အက်ရှ်ဟာ ၂၀၁၄ ခုနှစ်က ထွက်ခဲ့တဲ့ CL ရဲ့ Gotta Be You သီချင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ချစ်ရေးချစ်ရာ သတင်းတွေကိုတော့ နှစ်ဖက်လုံးက ခုချိန်ထိ တစ်စုံတစ်ရာ ထုတ်မပြောကြသေးပါဘူး။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ