International Celebrity: ရီဟန်းနားထံက လက်ဆောင်ရခဲ့တဲ့ CL

အလန်းဆုံးအမျိုးသမီးတွေကိုပဲ ပေးတာပါလို့ ဆိုသတဲ့။

play

 

အမေရိကန်ပေါ့ပ်ကြယ်ပွင့် ရီဟန်းနားက သူမကို လက်ဆောင်တစ်ခု ပို့ပေးခဲ့ကြောင်း တောင်ကိုရီးယား အဆိုတော်မလေး CL က အင်စတာဂရမ်မှာ တင်လိုက်ပါတယ်။ အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ ဖိနပ်ကို သူမထံ ဦးဦးဖျားဖျား လက်ဆောင်ပေးပို့လိုက်တာ ဖြစ်ပါတယ်။

 

Manolo Blahnik အမှတ်တံဆိပ်က ရီဟန်းနားနဲ့ပူးပေါင်းကာ ဒေါက်မြင့်ဘွတ်ဖိနပ် ဒီဇိုင်းသစ်ကို ထုတ်လုပ်ထားတာပါ။ ဖိနပ်သစ်နဲ့အတူ စာလေးတစ်စောင်ပါ ပူးတွဲပါဝင်ပြီး အလန်းဆုံးအမျိုးသမီးတွေထံကို လက်ဆောင်ပေးလိုက်ပါတယ်လို့ ရီဟန်းနားက ရေးသားထားတာ တွေ့ရပါတယ်။

Source : CL Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ