International Celebrity: Coach နဲ့ ဒေါ်လာ ၁၀ သန်းတန် စာချုပ်ချုပ်လိုက်တဲ့ ဆယ်လီနာဂိုးမက်စ်

Coach ရဲ့ပင်တိုင်မော်ဒယ်အဖြစ် ကမ်းလှမ်းခံရတာပါ။

play

 

အသက် ၂၄ နှစ်အရွယ် ဆယ်လီနာဟာ နာမည်ကြီး ဖက်ရှင်ကုမ္ပဏီ Coach ရဲ့ပင်တိုင်မော်ဒယ်အဖြစ် ဒေါ်လာ ၁၀ သန်းနဲ့ လက်ခံလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဆယ်လီနာက သူမရဲ့ကိုယ်ပိုင် အသုံးအဆောင်ပစ္စည်းများကို ဒီဇိုင်းထွင်သွားမှာလို့ သိရပါတယ်။

play

 

ဆယ်လီနာဟာ အင်စတာဂရမ်မှာ ဘာမှမတင်တာ သီတင်းပတ် နှစ်ပတ် ရှိပြီဖြစ်ပေမဲ့ Follower ၁၀၄ သန်းနဲ့ အင်စတာဂရမ်မှာ နာမည်အကြီးဆုံးသူ ဖြစ်နေဆဲပါပဲ။

ဆယ်လီနာဟာ သူမခံစားနေရတဲ့ စိုးရိမ်ကြောင့်ကြမှု၊ ကြောက်ရွံ့မှုနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကို ကုသဖို့အတွက် တန်နက်ဆက်ရှိ ပြန်လည်ထူထောင်ရေးစခန်းတစ်ခုမှာ သုံးလကြာနေခဲ့ပြီးတဲ့နောက် မီးရောင်တွေအောက်ကို ပြန်ရောက်လာသေးတာ မကြာသေးပါဘူး။

play

 

နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်တဲ့ အမေရိကန်ဂီတဆုပေးပွဲ (AMA) ပွဲဟာ ပြန်လည်ထူထောင်ရေးစခန်းက ပြန်လာပြီးနောက် ပထမဆုံးတက်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။

ယင်းပွဲမှာ အကြိုက်ဆုံး အမျိုးသမီး ပေါ့ပ်/ရော့ခ်အဆိုတော်ဆုကို ရရှိခဲ့ပြီးနောက် စင်မြင့်ပေါ်မှာ သူမရဲ့ ရဲရင့်တဲ့ပြောစကားတွေကြောင့် အများရဲ့ချီးကျူးမှုကိုလည်း ခံခဲ့ရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ