International Celebrity: မိုဘိုင်းလ်ဂိမ်းမှာ ဇာတ်ကောင်တွေဖြစ်လာကြမယ့် Cosmic Girls

ချန်ရှောင်းကို အဓိကမော်ဒယ်အဖြစ် ထည့်သွင်းမယ်လို့လည်း ဆိုပါတယ်။

play

 

ငယ်ငယ်ချောချော ချစ်စရာကောင်မလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Cosmic Girls အဆိုတော်အဖွဲ့ဟာ မိုဘိုင်းလ်ဂိမ်းတစ်ခုမှာ ဇာတ်ကောင်တွေအဖြစ် ပါဝင်တော့မှာဖြစ်ပါတယ်။

play

 

ကိုရီးယားဂိမ်းကုမ္ပဏီ NEXON က Cosmic Girls အဖွဲ့ကို ဂိမ်းဇာတ်ကောင်တွေအဖြစ် ရွေးချယ်လိုက်ကြောင်း အောက်တိုဘာ ၇ ရက်နေ့က ကြေညာလိုက်ပါတယ်။ M.O.E. (Master of Eternity) အမည်ရှိ ဂိမ်းမှာ ချန်ရှောင်းကို အဓိကမော်ဒယ်အဖြစ် ထည့်သွင်းမယ်လို့လည်း ဆိုပါတယ်။

play

 

Cosmic Girls အဖွဲ့ဟာ တီဗီရှိုးတွေမှာ ပါဝင်ရင်း ပရိသတ်တွေကြား ရေပန်းစားနေသလို ကြော်ငြာတွေလည်း များစွာရိုက်ကူးနေရပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ