AD
AD
AD
play

 

ကာဒါရှီယန်ညီအစ်မတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ကော့တနီကာဒါရှီယန်မှာ လှပလွန်းတဲ့ ကောက်ကြောင်းရှိနေသေးတာကို Cosmopolitan မဂ္ဂဇင်းမျက်နှာဖုံးမှာ မြင်တွေ့လိုက်ရပါတယ်။

play

 

ကင်မ်ကာဒါရှီယန်ရဲ့ အစ်မ ကော့တနီဟာ ကိုယ်လုံးအလှမှာ ကင်မ်လောက် နာမည်မကြီးပေမဲ့ ခေသူတော့ မဟုတ်ပါဘူး။

play

 

ဂျက်စတင်ဘီဘာနဲ့ တွဲခုတ်ဖူးတယ်လို့ ဒီနှစ်စပိုင်းမှာ နာမည်ထွက်ခဲ့ဖူးတဲ့ ကော့တနီဟာ ကလေးသုံးယောက်မိခင်ဖြစ်ပေမဲ့လည်း ခန္ဓာကိုယ်ကောက်ကြောင်းကတော့ အံ့မခမ်းပါပဲ။

play

 

ကော့တနီဟာ ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ ခင်ပွန်းသည် စကော့တ်ဒစ်ဆစ်နဲ့ ကွဲခဲ့တာဖြစ်ပေမဲ့ မိသားစုလေး မပြိုကွဲအောင် ကြိုးစားနေရှာသူလည်း ဖြစ်ပါတယ်။

play

 

"ကျွန်မရဲ့မိသားစုလေး တစ်စုတစ်စည်းတည်းသာ ပြန်နေရရင်ဆိုတဲ့အတွေးက အရမ်းကို ကြည်နူးစရာပါ။ ဒါပေမဲ့ အဆုံးသတ်ကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး" လို့ သူမက ဆိုခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD