International Celebrity: ခပ်ချောချော Country အဆိုတော် လုခ်

မိန်းကလေး ပရိသတ်တွေရဲ့ အသည်းကျော်လည်း ဖြစ်ပြန်ပါတယ်။

play

 

အမေရိကန် Country တေးရေးဆရာ အဆိုတော် လုခ်ဘရိုင်ယန်ဟာ ဂျော်ဂျီယာမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး လယ်သမားမိသားစုက မွေးဖွားကြီးပြင်းခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာမှ အနုပညာလောကထဲ ခြေလှမ်းစတင်ခဲ့တဲ့ သူ ဟာ ၂၀၀၇ ခုနှစ်မှာ I'll Stay Me တေးအယ်လ်ဘမ် ထုတ်ဝေဖြန့်ချိခဲ့ရာ ပထမဆုံး တေးအယ်လ်ဘမ်ဖြစ်သော်လည်း အဆိုကောင်းလှတဲ့ ဘရိုင်ယန်ရဲ့ ပါရမီကြောင့် အောင်မြင်မှုတွေ ချက်ချင်းဆိုသလို ရရှိခဲ့ပါတယ်။

play

 

၂၀၀၉၊ ၂၀၁၁၊ ၂၀၁၃ နဲ့ ၂၀၁၅ ခုနှစ်တွေမှာလည်း တေးအယ်လ်ဘမ်တွေ ဆက်လက်ထုတ်ဝေနိုင်ခဲ့ကာ ထုတ်ဝေခဲ့သမျှ တေးအယ်လ်ဘမ်တိုင်းကလည်း Country ပရိသတ်အကြိုက် တေးသီချင်းတွေပါဝင်တာကြောင့် ဘရိုင်ယန်တစ်ယောက်ပိုပိုပြီး နာမည်ကြီးအောင်မြင်လာခဲ့ပါတယ်။

play

 

ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကို Jason Aldean, Lady Antebellum အဖွဲ့တို့နဲ့အတူ လှည့်လည်ဖျော်ဖြေခဲ့ဖူးတဲ့ သူ ဟာ အသံကောင်းရုံတင်မကဘဲ ယောက်ျားပီသပြီးဆွဲဆောင်မှုကောင်းလွန်းတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲလည်း ဖြစ်ခဲ့ရပါတယ်။

play

 

၂၀၁၅ မှာ ဘရိုင်ယန်ဟာ နှစ်စဉ်ဝင်ငွေ ၄၂.၅ သန်း ရှိနေပြီလို့ Forbes ကနေတဆင့် တရားဝင်ဖော်ပြခဲ့ပြီး သူ ဟာ HIV, AIDS, Cancer နဲ့ အခြားကျန်းမာရေးဆိုင်ရာ၊ လူ့အခွင့်အရေးတန်းတူရရှိခြင်းဆိုင်ရာ အားပေးထောက်ခံမှု၊ လှုံ့ဆော်ထောက်ပံ့မှုတွေမှာလည်း မကြာခဏပါဝင်လေ့ရှိပါသေးတယ်။

play

 

ကောလိပ်ကျောင်းသားဘဝကတည်းက ချစ်ကျွမ်းဝင်ခဲ့တဲ့ ချစ်သူ ကယ်ရိုလိုင်း ဘွိုင်ယာနဲ့ ၂၀၀၆ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားနှစ်ယောက်ရရှိခဲ့ကာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နေပြီလို့လည်းဆိုပါတယ်။ ဘရိုင်ယန်ကို ၁၉၇၆ ခုနှစ် ဇူလိုင် ၁၇ ရက်မှာ မွေးဖွားခဲ့ပါတယ်။

Source : Wiki

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ