International Celebrity: Criminal Minds ကနေ အထုတ်ခံရတဲ့ သောမတ်စ်ဂစ်ဘ်ဆင် တရားစွဲဖို့ပြင်ဆင်

"ကျွန်တော်ရဲ့ နှလုံးသားနဲ့စိတ်ဝိဉာဉ်ကိုပါနှစ်ပြီး ၁၂ နှစ်လုံး သရုပ်ဆောင်ခဲ့တာ"

play

 

အမေရိကန်ရုပ်သံဇာတ်လမ်းတွဲ Criminal Minds မှာ စတင်ပြသချိန်ကတည်းက သရုပ်ဆောင်ခဲ့တဲ့ သောမတ်စ်ဂစ်ဘ်ဆင်ကို နောက်လာမယ့်အပိုင်းတွေမှာ မြင်ရတော့မှာမဟုတ်ပါဘူး။ သောကြာနေ့က ရိုက်ကွင်းမှာ ထုတ်လုပ်သူနဲ့ အော်ဟစ်စကားများလို့ ဂစ်ဘ်ဆင်က ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

play

 

Criminal Minds မှုခင်းစုံစမ်းရေးဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ၂၀၀၅ ခုနှစ်ကတည်းက စတင်ပြသခဲ့တာပါ။ အသက် ၅၄ နှစ်ရှိ ဂစ်ဘ်ဆင်ဟာ Criminal Minds မှာ Aaron Hotcher အမည်နဲ့ FBI စုံထောက်အဖြစ် ဇာတ်လမ်းပထမတွဲမှာကတည်းက စတင်ပါဝင်လာခဲ့တာဖြစ်ပါတယ်။

play

 

အထုတ်ခံလိုက်ရလို့ မကျေနပ်တဲ့ ဂစ်ဘ်ဆင်က လော့စ်အန်ဂျလိစ်အခြေစိုက် Skip Miller ဥပဒေအကျိုးဆောင်အဖွဲ့က ရှေ့နေ့တစ်ဦးကို ငှားရမ်းလိုက်ပါပြီ။

Source : E!

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ